Friday, May 20, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ နတ်တလင်းမြို့ ခရိုင်ကော်မရှင် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



နတ်တလင်း မေ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ခရိုင်ကော်မရှင်ဆောက်လုပ်မည့် မြေနေရာအား ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွာမရပ်ကွက်၊ အေးငြိမ်းသာမြို့သစ်ရှိ ခရိုင်ကော်မရှင်ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ယာယီမြို့နယ်ကော်မရှင်ရုံး ဖွင့်လှစ်မည့်နေရာအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)

No comments:

Post a Comment