နေပြည်တော် မေ ၁၀
(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်းဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ယနေ့တွင် Major Symposium အဖြစ်
Developmentand ChangesWeNeed: Medical EducationandImpact ofthe COVID-19၊Clinical
Session ကို လည်းကောင်း၊ အခြား Symposium များအဖြစ်Nurses’ Resilience inMyanmarMilitaryinthe
FaceofCOVID-19 ၊ Optimising PulmonaryFunctionby Rehabilitation ၊QualityCare in
Anaesthesia: Nurturing the Culture inCOVID-19 Era ၊ COVID-19andPatients with
CKDon Maintenance Haemodialysis ၊ Impact of Recent ChangesinCOVID-19 Pandemic
from Women’s Health Perspective ၊Mistakes in Gastro- enterologyand Hepatology ၊COVID-19:
ChallengesforPhysicians၊ Medicolegal Issuesin Obstetrics and Gynaecology ၊
Building Shared Vision in Myanmar Military Medical Practice နှင့် SpecialTalk ၃
ခု တို့ကို
Auditorium၄ နေရာ၌ ဆွေးနွေးကြသည်။
ထို့အပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊
စိတ်ရောဂါပညာ၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးပညာသင်ကြားရေး၊ ဇီဝကမ္မဗေဒ၊
ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ သူနာပြုပညာ၊ မေ့ဆေးပညာ၊ အရိုးရောဂါကုပညာ စသည့် ဘာသာရပ်ဆိုင်ရာ
သုတေသန စာတမ်းစုစုပေါင်း ၄၅ စောင် တို့ကို Auditorium ၄ နေရာတွင် ပါဝင်ဖတ်ကြား တင်သွင်းကြသည်။
ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကို
မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို
ညနေပိုင်းတွင် ရပ်နား၍ မေလ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများ
အနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) တွင် ၁၁၃ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကု
ဆေးရုံကြီး(ခုတင်- ၅၀၀) တွင် ၂၂၄ ဦး စုစုပေါင်း ၃၃၇ ဦး တက်ရောက်ခဲ့ပြီးOnline မှ တက်ရောက်သူများအနေဖြင့်
ဆေးဝန်ထမ်း တပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ
ပါရဂူ၊ ဆေးမှူး၊ သူနာပြု (အရာရှိ)နှင့်သူနာပြု စုစုပေါင်း ၅၀၈ ဦးတက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment