ပန်းတနော် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းပရိဝုဏ်၌ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်
မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်အောင်အောင်တို့က ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး
ကမ္ဗည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည်ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ကိုယ်စား
ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး မိမိတို့၏ ကျောင်းသားလူငယ်များ တည်ငြိမ်အေးချမ်းစွာ
ပညာရေးသင်ကြားခွင့်ရရှိနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်
ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ရာတွင် မေတ္တာစေတနာအပြည့်အဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်
တိုက်တွန်းလိုကြောင်း၊ ကျောင်းနေပျော်၍စာတော်ရသည့်ကလေးငယ်များဖြစ်အောင်အဖက်ဖက်က ဝိုင်းဝန်းပျိုးထောင်ပေးကြစေလိုကြောင်း
ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက
ကျောင်းဆောင်သစ်များ ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်နှင့် ပညာရေးကဏ္ဍဆိုင်ရာလုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျောင်းအကျိုးတော်ဆောင်က ဒေသခံပြည်သူများနှင့်
ကျောင်းသား၊ ကျောင်းသူများကိုယ်စား နိုင်ငံတော်အစိုးရအား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် ဒေါင့်ကြီးကွက်သစ်အခြေခံပညာမူလတန်းကျောင်းသို့
ရောက်ရှိကြပြီး (၁)ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနှင့် ကမ္ဗည်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊
တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အစုကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (၁)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်ကြပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်
မန်းငြိမ်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်
ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment