Friday, May 6, 2022

မြန်မာ - ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတွေ့ဆုံဆွေးနွေး

 

နေပြည်တော် မေ ၅

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးသည်ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ Mr. WATAN-ABE Hideo နှင့်အဖွဲ့အား ယနေ့နံနက်၁၀နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ်မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးတွင်စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်အတွေ့အကြုံနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး၊ သိုလှောင်ပို့ဆောင်မှုစနစ်များဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊စိန် တစ်လုံးသရက်နှင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ အရည်အသွေးမြင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment