လေးမျက်နှာ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လေးမျက်နှာမြို့နယ် ထူပါရုံဘုရားကမ်းထိန်းလုပ်ငန်းဆောင်ရွက်
နေမှုများအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးအောင်လင်းက ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်
ပတ်သက်၍ ရေထဲပိုင်း Geo Bag ချပြီးနောက် Cross Section အခြေ အနေများ၊ ရှေးဟောင်းသမိုင်းဝင်
စတုမုခထူပါရုံ စေတီတော်မြတ်ကြီး ကမ်းပြိုမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရေရှည်အစီအမံများ
(၃နှစ်စီမံကိန်း)၊ စေတီတော်မြတ်ကြီး မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းရှိ သောင်တူးဖော်ဆောင်ရွက်နေမှု
အခြေအနေ၊ စေတီတော်မြတ်ကြီး၏ အထက် ဘက်နှင့် အောက်ဘက်ရှိ အနောက်ဘက်ကမ်းပါးတွင် ရေကြောင်းထိန်းရေကာများနှင့်
ကမ်းထိန်းတမံများ တည်ဆောက်မည့်နေရာ၊ စေတီတော်မြတ်ကြီးအောက်ဘက်ရှိ သောင်တူး ဖော်ရမည့်နေရာနှင့်
လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဖြစ်ပေါ်လာမည့် မျှော်မှန်းရေလမ်း ကြောင်းတို့အား
ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ ကမ်းထိန်းလုပ်ငန်းအား တင်ဒါအောင်မြင်ငွေ (၄၄၁.၀၀၀)သန်းဖြင့်
PKSY ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို
လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှားကြားကာ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံ
စေတီတော်မြတ်ကြီးနှင့် စွယ်တော်မြတ်တို့အား ဖူးမြော်ကြည်ညို၍ ပြန်လည်ထွက်ခွာသွား သည်။
ကျော်ဟိန်း(ပြန်/ဆက်)


No comments:
Post a Comment