ထားဝယ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်မြို့နယ်အသင်းနှင့်
မြိတ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး
တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
အားကစားသမားများနှင့်အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ မြိတ်မြို့နယ်အသင်းကအနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသောကြက် ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် ဝန်ကြီးများက အမျိုးသား/အမျိုးသမီးအကောင်းဆုံးအားကစား သမားဆုရရှိသူများ၊ ပထမဆုနှင့်ဒုတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်သည်။
ဆက်လက်၍
တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စားစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးကအမျိုးသား
ပထမဆုရရှိသော မြိတ်မြို့နယ်အသင်းနှင့် အမျိုးသမီးပထမဆုရရှိသော တနင်္သာရီမြို့နယ်အသင်းအား
တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)




No comments:
Post a Comment