Sunday, May 1, 2022

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရိုင်အသစ်များ ထပ်မံတိုးချဲ့

 



နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄ (ခ) တို့နှင့်အညီ မူလက ခရိုင်(၇၅)ခရိုင်ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၁၉/၂၀၂၂၊ ၃၂၀/၂၀၂၂၊ ၃၂၁/ ၂၀၂၂၊ ၃၂၂/ ၂၀၂၂၊ ၃၂၃/ ၂၀၂၂၊ ၃၂၄/ ၂၀၂၂၊ ၃၂၅/ ၂၀၂၂၊ ၃၂၆/ ၂၀၂၂၊ ၃၂၇/ ၂၀၂၂၊ ၃၂၈/ ၂၀၂၂၊ ၃၂၉/ ၂၀၂၂၊ ၃၃၀/ ၂၀၂၂၊ ၃၃၁/ ၂၀၂၂၊ ၃၃၂/ ၂၀၂၂၊ ၃၃၃/ ၂၀၂၂ တို့ဖြင့် ခရိုင်(၄၆)ခရိုင်အား အောက်ပါအတိုင်း ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

သို့ဖြစ်ပါ၍ မူလက ခရိုင်(၇၅)ခရိုင် ဖွဲ့စည်းထားရာမှ ခရိုင်(၄၆)ခရိုင်ကို အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် စုစုပေါင်းခရိုင် (၁၂၁) ခရိုင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

No comments:

Post a Comment