နေပြည်တော် မေ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းတို့နှင့်အတူ မေ ၂၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါ စရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ်မြတ်ကြီး သက်တော်(၈၄)နှစ်၊ သိက္ခာတော် (၆၄)ဝါ၏ ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်ကြည်ညိုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
အန္တိမအဂ္ဂိဈာပနကျင်းပရေး ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တကဝိသာရ၊ ဘဒ္ဒန္တသောဘန၊ ဘဒ္ဒန္တဉေယျ၊
ဘဒ္ဒန္တဣန္ဒကတို့အား ဖူးမြော်ကြည်ညိုသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကိုဆက်ကပ်ပြီး ဈာပနအလှူတော်ငွေကျပ် သိန်းငါးဆယ်ကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးကဆရာတော်ကြီးများ၏ဩဝါဒနှင့်အညီ
အန္တိမအဂ္ဂိဈာပန ကျင်းပမည့်နေ့ရက်သတ်မှတ်ခြင်း၊ အန္တိမအဂ္ဂိဈာပနကျင်းပဆောင်ရွက်မည့်အခြေအနေ၊
ဆရာတော်ကြီး၏ကြွင်းကျန်ရစ်သော အရိုးပြာကောက်ယူမည့်အခြေအနေ၊ ဆရာတော်ကြီး၏ ဇာတိရပ်ရွာဖြစ်သော
ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာရွာတွင် ဆရာတော်ကြီး၏အထိမ်းအမှတ် လွမ်းစေတီတည်ထားမည့်အခြေအနေများနှင့်
ဈာပနဆိုင်ရာကိစ္စရပ်များကိုဆရာတော်များထံလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment