နေပြည်တော် မေ ၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ဦးခင်မောင်ရီ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်း၊ အငြိမ်းစား ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်အရာရှိများ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြသည်။
ချီးကျူးဂုဏ်ပြု
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ခေတ်အဆက်ဆက်အစိုးရများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများအတွက် မူဝါဒများချမှတ်ပြီး အမျိုးသားစီမံကိန်းများ ရေးဆွဲ၍ စီမံကိန်းများ အကောင်အထည် ဖော်ခဲ့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြည်ပချေးငွေနှင့် ငွေကြေးအထောက် အပံ့များ၊ ကျွမ်းကျင်မှုအကူအညီများ ရယူရေးနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနကို ၁၉၇၂ ခုနှစ် မတ်၁၅ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆိုလျှင် ရွှေရတုကာလ နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနအနေဖြင့် ရွှေရတုတိုင်အောင် နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းကို ချီးကျူး ဂုဏ်ပြုပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အရေးပါသောဌာနဖြစ်သည့် အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် အကူအညီ ထောက်ပံ့မှုများရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် ဌာနလည်း ဖြစ်ပါကြောင်း၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့ကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေခံ အဆောက်အအုံများ၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ပံ့ပိုးမှုများရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားစေ လိုပါကြောင်း ပြော ကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန အနေဖြင့်ရွှေရတုတိုင် သမိုင်း အစဉ်အလာကောင်းများဖြင့် ဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဩဝါဒစကား ပြောကြား
ဆက်လက်၍ ယခင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း(ငြိမ်း)က ဩဝါဒစကား ပြောကြားသည်။
ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွန့်က နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန စတင် ဖွဲ့စည်းခဲ့သည့် ၁၉၇၂ခုနှစ်မှစ၍ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှုများ၊ အဆင့်ဆင့်ဖြစ်ပေါ် တိုးတက်လာပုံနှင့် နိုင်ငံနှင့်လူမျိုး အကျိုး စီးပွားအတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ဌာန၏အောင်မြင် ထင်ရှားခဲ့သော သမိုင်းမှတ်တိုင်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV ၏ ဂုဏ်ပြုစကားကို သံအမတ်ကြီးကိုယ်စား စီးပွားရေး ကောင်စစ်ဝန် Mr. Andrei lunak က ဖတ်ကြားသည်။
ဆက်လက်၍ ရွှေရတုခရီးစဉ် တစ်လျှောက်ဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုပြသခြင်း နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့ချိန်မှ ယခုအချိန်အထိနိုင်ငံတော် ကိုယ်စား နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ အာဆီယံနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် ဌာနတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား မှတ်တမ်းတင် ထုတ်ဝေသည့်နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်သမိုင်း စာအုပ် ထုတ်ဝေခြင်းအစီအစဉ် တို့ကို ကျင်းပသည်။
ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်
ထို့နောက် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန အငြိမ်းစား ဝန်ထမ်းများ နှင့်မျိုးဆက်သစ်ဝန်ထမ်းများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ လုပ်သက် ၂၅ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၊ အခက်အခဲ အမျိုးမျိုးကြားမှ ရုံးတက်ပျက်ကွက်ခြင်း မရှိဘဲ တာဝန်ကို ကြိုးစား ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
သတင်းစဉ်
No comments:
Post a Comment