Thursday, May 19, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်အသုံးပြုမည့် ဆေးထိုးအပ်(၅)သန်း ဆက်လက်ရောက်ရှိ

 


နေပြည်တော် မေ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းအနက် ပထမအသုတ်ပေးပို့သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သန်း doses နှင့် ဆေးထိုးအပ် (၂)သန်းတို့သည် ယမန်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် ဒုတိယအသုတ်ဆေးထိုးအပ်(၅)သန်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိသည်။

အဆိုပါ ဆေးထိုးအပ်များသယ်ဆောင်လာသော Sichun Airline သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေ ဆိပ်မှထွက်ခွာလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ဝ၅၆ သန်းအနက် ကျန်ရှိသောဆေးနှင့်ဆေးထိုးအပ်များအား မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ယနေ့ရောက်ရှိလာသည့် ဆေးထိုးအပ်များအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment