Tuesday, May 10, 2022

ပညာရေးဝန်ကြီးဌာန ပထမနှစ်၊ နေ့သင်တန်း၊ ဥပဒေအထူးပြုဘာသာရပ် တိုးချဲ့ဖွင့်လှစ်သော တက္ကသိုလ်များတွင် မေဂျာပြောင်းလျှောက်ထားနိုင်

 

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအထူးပြုဘာသာရပ်၊ နေ့သင်တန်း တိုးချဲ့ဖွင့်လှစ်သော အောက်ဖော်ပြပါတက္ကသိုလ်(၁၀) ကျောင်းတွင် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)/B.A(Law)

သင်တန်းပို့ချမည်ဖြစ်ပြီး အခြားအထူးပြုဘာသာရပ်များမှ ဥပဒေအထူးပြုဘာသာရပ်သို့ အပြောင်းလျှောက်လွှာများကိုလည်း ၂၇-၅-၂၀၂၂ ရက်နေ့ မတိုင်မီ အဆိုပါတက္ကသိုလ်များတွင် တင်ပြလျှောက်ထားပါက သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည် -

(၁) မြိတ်တက္ကသိုလ်

(၂) ဟင်္သာတတက္ကသိုလ်

(၃) မအူပင်တက္ကသိုလ်

(၄) ဗန်းမော်တက္ကသိုလ်

(၅) ရွှေဘိုတက္ကသိုလ်

(၆) ကလေးတက္ကသိုလ်

(၇) လားရှိုးတက္ကသိုလ်

(၈) ပခုက္ကူတက္ကသိုလ်

(၉) မိတ္ထီလာတက္ကသိုလ်

(၁၀) ကျိုင်းတုံတက္ကသိုလ်

No comments:

Post a Comment