ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလနှင့်၂၀၂၁ခုနှစ် အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း၁၂၂၂ ဦးတို့အား ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။
ဖော်ပြပါဆေးပညာသင်ကြားခဲ့ကြသူများသည်
သက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ပထမနှစ်သင်တန်းသို့ စတင်တက်ရောက်စဉ်ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ
စည်းမျဉ်းစည်း ကမ်းများအတိုင်း “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှလိုအပ်သည့်အချိန်တွင်
နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါမည်” ဟု ကတိခံဝန်ချက်လက်မှတ်ရေးထိုး
ထားပြီးဖြစ်သည်။ ယခုအခါ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များလိုအပ်လျက်ရှိသောကြောင့် အဆိုပါဆေးပညာသင်ကြားတတ်မြောက်ထားသူတို့သည်
သင်တန်းတက်ရောက်စဉ်ကချုပ်ဆိုထားသည့် ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်း ဆရာဝန်အဖြစ်
သုံးနှစ်မပျက်မကွက်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။
ဆေးပညာသင်ကြားခြင်းသည် ပြည်သူတို့အား
ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ဖြစ်သည်။ တတ်မြောက်ထားသော ဆေးပညာဖြင့် နိုင်ငံ့ဝန်ထမ်းမလုပ်လိုလျှင်လည်း
နိုင်ငံတော်က အကုန်အကျခံသင်ကြားပေးခဲ့သော အတတ်ပညာဖြစ်၍ နိုင်ငံ့တာဝန်ကို အနည်းဆုံး
သုံးနှစ်တာဝန်ထမ်းဆောင်ပြီးနောက် ဆန္ဒအတိုင်းဆက်လက်လုပ်ကိုင်နိုင်ပေသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးဘက်ဆိုင်ရာ လိုအပ်သည်များကို ငွေကြေးအမြောက်အမြား နှစ်စဉ်အကုန်အကျခံ
ဆောင်ရွက်ပေးနေသည်။
ပြီးခဲ့သည့်ကာလက နိုင်ငံရေးပယောဂများကြောင့်
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်
ကျန်းမာရေးဝန်ထမ်းများ ပြုန်းတီးမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင်
ကျန်းမာရေးဝန်ထမ်းများ လိုအပ်မှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းလိုအပ်သည့် ဒေသများတွင်
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များအား တွဲဖက်တာဝန်ပေး ထမ်းဆောင်လျက်ရှိသည်။ ဆေးဝန်ထမ်းတပ်ဖွဲ့များ၊
နိုင်ငံတော်အပေါ်သစ္စာ စောင့်သိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာရှင်များ၊ ပြည်သူများပူးပေါင်းဆောင်ရွက်မှုဖြင့်
ကျန်းမာရေးအခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည်။
တစ်ချိန်တည်းတွင် ဆေးပညာသင်ယူသူများအား
ဆက်လက်သင်ကြားမွေးထုတ်ပေးကာ ခန့်အပ်တာဝန်ပေးလျက်ရှိသည့်အပြင် ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု
ပြည့်ဝစွာ ပေးနိုင်ရန်အတွက် ဆေးရုံများနှင့် ဆေးပစ္စည်းများကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးခဲ့သောကြောင့် ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်
ကာလအတွင်း ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့သော်လည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်
မှုနှင့်အားလုံး၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်း ငါးရာခိုင်နှုန်းအောက်ရောက်လျှင် ရောဂါထိန်းချုပ်နိုင်သည့်အဆင့်သတ်မှတ်ချက်ကို ကျော်လွန်ကာ သုညဒသမ အောက်ရာခိုင်နှုန်းဝန်းကျင်
ရောက်လာခဲ့သည်။ ယင်းသည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုတစ်ခုဖြစ်သော်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင်
ဝန်ထမ်းလိုအပ်မှုများများစွာ ရှိနေသည်။
ဆေးပညာသည် ပညာရပ်ဆိုင်ရာများတွင် အလွန်မွန်မြတ်သော
ပညာရပ်တစ်ခုဖြစ်ပြီး လူတစ်ဦးအသက်ရှင်ကျန်းမာရေးကို ဆောင်ရွက်ပေးခြင်းဖြစ်၍ ပြည်သူများက
အားကိုးအားထားပြုကြသည်။ ဆေးပညာစတင်သင်ကြားစဉ်က ကတိခံဝန်ချက်များ ပြုကြရသည့်အပြင်
“ကျွန်ုပ်တို့သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် ဂိလာနလူပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို
စေတနာမေတ္တာထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမရွေး အစွမ်းကုန် စောင့်ရှောက်ပါအံ့”၊“ဆေးပညာဖြင့်
လူသားတို့၏ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့”၊ “သမားကောင်းတစ်ဦး၏
ကိုယ်ကျင့်တရားနှင့် မွန်မြတ်သော ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းပါအံ့” ဟု သစ္စာဆိုထားကြသူများဖြစ်သည်။
ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည်ဆိုရာ၌
ပြည်သူ့ဆေးရုံများသည် ငွေကြေးကိုအဓိကမထားဘဲ စေတနာအပြည့်အဝထား၍ ကုသစောင့်ရှောက်မှုပေးသောနေရာ
ဖြစ်သည်။ နိုင်ငံအတွင်းရှိပြည်သူအများစုသည် အခြေခံလူတန်းစားများဖြစ်၍ ငွေကြေး အကုန်အကျသက်သာသော
ပြည်သူ့ဆေးရုံများကိုသာ အားကိုးအားထားပြုကြသည်။ သို့ဖြစ်ရာ ဆေးပညာတတ်မြောက်သူတစ်ဦးအနေဖြင့်
မည်သို့ခံယူချက်ရှိသည်ဖြစ်စေ မွန်မြတ်သော စေတနာဖြင့် အယုတ်အလတ်အမြတ်မရွေးကုသပေးသည့်
ပြည်သူ့ဆေးရုံများတွင် ပြည်သူ အကျိုးပြု၊ နိုင်ငံအကျိုးပြုသယ်ပိုးထမ်းရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment