စစ်တွေ မေ ၂၀
စစ်တွေတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါ မောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ အောင်ကျော်မင်းက စစ်တွေတက္ကသိုလ်သို့ရောက်ရှိလာကြသည့် မောင်မယ်သစ်လွင်များကို
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့်လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း
လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာကြိုဆိုပါကြောင်း၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့်
ဆရာ၊ ဆရာမများကလည်းမိမိတို့၏ သားသမီးများဖြစ်သည့် မောင်သစ်လွင်၊ မယ်သစ်လွင်များကို
ဝမ်းပန်း တသာကြိုဆိုနေမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြု၍ ကာလအတန်ကြာ ပိတ်ထားခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနည်းပါးစွာနှင့်
ခြောက်ကပ် နေခဲ့သည့် စစ်တွေတက္ကသိုလ်ကြီးသည် ယခုအချိန်တွင် နုပျိုလန်းဆန်းတက်ကြွနေသော
ကျောင်းသူ၊ ကျောင်းသားများနှင့် စိမ်းလန်းသာယာလာမည် ဖြစ်ကြောင်း၊ ထိုအကြောင်းအရာများသည်
တက္ကသိုလ် အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေများပင်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးဌာနဆိုသည်မှာ
ပညာပေးသူနှင့် ပညာယူသူတို့ စိတ်သဘောထားကြည်ဖြူစွာနှင့် ပညာလက်ဆင့်ကမ်းရာ ဌာနဖြစ်၍ ပညာဖြန့်
ဝေ ပေးသူရှိရန်လိုအပ်သကဲ့သို့ ပညာလက်ခံသူလည်းရှိပါမှ တင့်တယ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ
အနေဖြင့် တက္ကသိုလ်များကို ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့သည့်အတွက်
ယခုအချိန်မှာ အောင်မြင့်ခဲ့ပြီးဟုဆိုနိုင်ပါကြောင်း၊ ရခိုင် ပြည်နယ်သည် ပညာသင်ကြားရေးကိစ္စတွင်
အကောင်းဆုံး အနေ အထားဖြစ်နေပါကြောင်း၊ ထို့ကြောင့် သားတို့သမီးတို့အနေဖြင့် ထိုအခွင့်အရေးကို
လက်မလွတ်စေဘဲ ကောင်းကောင်းအသုံးချတတ်ရန်လိုကြောင်း၊ ပညာတတ်လူငယ်များ ပေါများသည့်နိုင်ငံသည်
တိုးတက်မှာ အမှန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် မိမိတစ်ဦးချင်းတိုးတက်
ရန်ရည်ရွယ်ပြီး ပညာသင်ယူခြင်းသည်ပင်လျင် မိမိလူမျိုး၊ မိမိနိုင်ငံအတွက်ပါ တစ်ဖက်တစ်လမ်းက
ကူညီသည့် အနေဖြင့် ပညာသင်ယူခြင်းလည်းဖြစ်ကြောင်း၊ တိုင်းပြည်တစ်ပြည် တိုးတက်ရန် ပညာသည်သာ
အဓိကဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင် တည်ဆောင်သည့် နေရာတွင် ပညာကသာအဓိက
ဦးဆောင် သည့်အတွက် နိုင်ငံသားတိုင်းပညာတတ်မြောက်နေပါမှ ထိုတိုင်းပြည်ထို နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊
ယနေ့ အခမ်း အနားသည် အင်မတန်မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ကြောင်း၊ ကျောင်းထဲသို့ဝင်လာသည်နှင့်
တက်ကြွနေ သည့် ကျောင်းသား၊ ကျောင်းသူများကို မြင်တွေ့ခဲ့ရပြီး တက္ကသိုလ်ဝင်ပေါက် လမ်းမကြီး၏ဘေးတွင်
ဆိုင်ကယ် များအပြည့်တွေ့ရခြင်းသည် စစ်တွေတက္ကသိုလ်အနေဖြင့်လည်း ပညာသင်ကြားရေးကိစ္စမှာ
မည်ကဲ့ သို့အခြေ အနေ ရှိနေသည်ကို ပြသခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း
ပညာကို မည်ကဲ့သို့ မျှော်လင့်နေကြသည်ကို သိနိုင်သည့်မြင်ကွင်းတစ်ခုပင် ဖြစ်ကြောင်း၊
မြင်မြင်သမျှမင်္ဂလာအပေါင်းနှင့် ပြည်စုံ နေသည့်အတွက် အင်မတန်ဝမ်းသာပီတိဖြစ်ရပါကြောင်း၊
သားတို့သမီးတို့၏ ပညာသင်ကြားမှုကိစ္စ အောင်မြင် ရေးအတွက်လည်း ရခိုင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့်
တတ်နိုင်သလောက်အစွမ်းကုန် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း သားတို့သမီးတို့အနေဖြင့်
နည်းမှန်လမ်းမှန် ကြိုးစားသွားရန်၊ လမ်းမှား မလိုက်မိရန်သတိထားရမည်ဖြစ်ကြောင်း၊ မောင်မယ်သစ်လွင်လေးများအနေဖြင့်
တက္ကသိုလ်ကြီးကသင်ပေး လိုက်သည့် ပညာများကို ဆုံးခန်းတိုင်အောင်သင်ကြား တတ်မြောက်ပြီး
လူ့အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင် ဒေသလူလောကအတွက် အကျိုးပြုနိုင်သည့် အဖိုးတန်လူတော်လူကောင်းများဖြစ်ကြပါစေကြောင်း
ပြောကြား သည်။
ဆက်လက်၍ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်က ဒေါက်တာ ခင်မောင်ဇော်က မောင်မယ် သစ်လွင်များအား
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက
ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
အခမ်းအနားဒုတိယပိုင်းတွင်း
စစ်တွေတက္ကသိုလ် သင်ကြားရေးဌာနများရှိ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာ ထမ်းများ၊ ဒုတိယပါမောက္ခချုပ်များ၊
ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်တို့မှ ပါမောက္ခ (ဌာနမှူး)များနှင့် သင်တန်းရေးရာ(ဌာနမှူး)တို့က
ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ဘာသာရပ်အလိုက် ရှင်းလင်း ခြင်းတို့ကို
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment