Thursday, May 5, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်‌စစ်ဆေးထုတ်ပေးလျက်ရှိ

 နေပြည်တော် မေ ၄

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မေ ၄ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၄ မျိုး စုစုပေါင်း ၂၇၂၄၀ ဒသမ ၉၂ KG၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ နှစ်ခုမှ Disposable Sterile Medical Cap ၅၁၀ KG ၊ Disposable Surgical Gown ၁၅၀ KG၊ Isolation Shoe ၂၁၀ KG၊ Isolation Mask ၃၉ ဒသမ ၆ KG၊ Isolation Goggles ၁၀၀၀၊ Protective Mask ၄၈၃ KG၊ Disposable Protective Clothing ၁၀၀၀၀၊ Pai Dexa Injection ၇၉၁၀၀၊ Disposable Syringe ၈၉၁၀ ၊ Scalp Vein Set ၂၁၆၀၊ Glucose And Sodiun Chloride Injection ၁၃၂၉၀ ၊ Mannitol Injection ၁၅၀၀ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment