နေပြည်တော် မေ ၁၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏဝန်မန် (တောင်ကျောင်း) ဘုန်းတော်ကြီးကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ရှိ
စစ်ဆေးရေးဂိတ်၌ အကြမ်းဖက် အဖွဲ့အစည်းများ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည့်
ဖြစ်စဉ်”နှင့်
ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်
အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့
အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်
ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို
လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment