Monday, May 23, 2022

အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ကြွစွာ ပညာသင်ယူလျက်ရှိ

နေပြည်တော် မေ ၂၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ် သင်တန်းများ ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ် (၄၁) ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများအဖြစ် ဒုတိယအသုတ် စတုတ္ထနှစ် အဝေးသင်ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ် ဉပဒေပညာသင်တန်းများကို မေ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအပြည့် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း တွေ့ရှိရသည်။

 

 

 

ဒုတိယအသုတ် အဝေးသင် စာမေးပွဲများကို မေ ၃၀ ရက်မှ ဇွန် ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment