Friday, May 20, 2022

မူမှန်ပြက္ခဒိန်ရောင်းချ

နေပြည်တော် မေ ၁၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များက ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန် ပြက္ခဒိန်ကို ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်း တိတိ)ဖြင့် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်သည်။

ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေဖြန့်ချိသူများအနေဖြင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူတို့အတွက် ရိုက်နှိပ်ဖြန့်ချိနိုင်မည်ဖြစ်ပါကြောင်းနှင့် အနုပညာဦးစီးဌာနအနေဖြင့်လည်း မူမှန်ပြက္ခဒိန်ရောင်းချငွေကို နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment