နေပြည်တော် မေ ၂၁
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းသုံးဦးလိုက်ပါလာသည့် ဘဏ်ငွေသိမ်းယာဉ်သည် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများမှငွေများအား လိုက်လံ သိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၂)ရပ်ကွက် ပင်လုံလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့အရောက်တွင် ယာဉ်အားရပ်တန့်ကာ မော်တော်ယာဉ်၏ နောက်တံခါးအားဖွင့်နေစဉ် နောက်မှလိုက်ပါလာသည့် YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသားသုံးဦးဆင်းလာပြီး ဘဏ်ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်ကာ ငွေသိမ်း ယာဉ်ပေါ်မှပီနံအိတ်လေးလုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အားလုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်း၌အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ လုယက်မှုကျူးလွန်ခဲ့သူများအားဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး
လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီး တာဝန်သိပြည်သူများ၏ပူးပေါင်းပါဝင်သတင်းပေးမှုအပေါ်အခြေခံ
၍ ပေါင်းစပ်ညှိနှိုင်းစုံစမ်းဖော်ထုတ်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်
YGN 5H/4572 Probox အမျိုးအစားမော်တော်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာတွင် အခင်းဖြစ်စဉ်က
အဆိုပါမော်တော်ယာဉ်အား AYY CC-4512 နံပါတ် ပြားမှ YGN 5H/4572 နံပါတ်ပြားသို့ ပြောင်းလဲတပ်ဆင်အသုံးပြု၍
လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512
Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
ယာဉ်ပိုင်ရှင်ဖြစ်သူ၏ထွက်ဆိုချက်အရ AYY
CC-4512 Probox မော်တော်ယာဉ်အား ၎င်း၏ သူငယ်ချင်းဖြစ်သူ ခရမ်းမြို့နယ်အမှတ်(၃)ရပ်ကွက်
(၃)လမ်း အမှတ် ၂၁၁ နေ ဝေလင်းထွန်း (ခ) ကိုထွန်း(၃၀နှစ်)(ဘ)ဦးတင်အောင်အား မေ ၁၃ ရက်က
ငှားရမ်းခဲ့ကြောင်းသိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေ ၁၈
ရက် မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင်
ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ဝေလင်းထွန်း (ခ) ကိုထွန်းအားစစ်ဆေးဖော်ထုတ်ချက်အရ
ကမ္ဘောဇဘဏ် ငွေသိမ်းယာဉ်ပေါ်မှငွေများအား သူငယ်ချင်းများနှင့်အတူ လုယက်ခဲ့ခြင်းဖြစ်ကြောင်း
ဝန်ခံထွက် ဆိုခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့တွင် ၎င်း၏သူငယ်ချင်းများဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ)
ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက် လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီးတို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့
ကြကြောင်း၊ လုယက်ရာမှရရှိလာသည့်ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီ ခွဲဝေ ယူဆောင်ခဲ့ကြောင်း
ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ ဝေလင်းထွန်း (ခ)ကိုထွန်း၏ ထွက်ဆိုချက်အရ
လုယက်မှုကျူးလွန်ရာတွင် ပါဝင် ခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်
ကောလင်းလမ်းအမှတ်(၁၂၄၂)နေ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်(၂၃နှစ်) (ဘ) ဦးဝင်းနိုင်ကျော်အား
သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းရှိ “ရတနာ” ဟိုတယ်၌ ယင်းနေ့မွန်းလွဲ ၂ နာရီ မိနစ် ၄၀
တွင်ဖမ်းဆီးရမိခဲ့သည်။
ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၏ထွက်ဆိုချက်အရ
သင်္ဃန်းကျွန်းမြို့နယ်(၁၆/၁) ရပ်ကွက် ရတနာလမ်းရှိ “ရတနာ” ဟိုတယ်သို့လုယက်မှုကျူးလွန်ရာတွင်
ဦးဆောင်ပါဝင်သူ ဇင်ကိုကိုဦး (ခ)ဇင်ကို လာရောက်မည်ဖြစ်ကြောင်းသိရှိရသဖြင့် သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ
အဆိုပါ “ရတနာ” ဟိုတယ်ရှေ့၌ ယင်းနေ့ ည ၆ နာရီ မိနစ် ၄၀ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
အမှတ်(၇)ရပ်ကွက် ဗိုလ်ခန့်(၃)လမ်းအမှတ်(၃၃၅/က)နေ ဇင်ကိုကိုဦး(ခ)ဇင်ကို(၂၇နှစ်) (ဘ)
ဦးဇော်ဦးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံငွေများအား သိမ်းဆည်းပေးသူ
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ဗေဒါ(၂)လမ်းအမှတ် (၇၅၈/ခ)နေ သိန်းဇော်ဦး(ခ)
သားငယ်( ၂၄နှစ်) (ဘ)ဦးကြည်လှ တို့နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် လုယက်မှုကျူးလွန်ရာတွင်ပါဝင်ခဲ့ပြီး
တိမ်းရှောင်လျက်ရှိသည့်လှည်းကူးမြို့ လှည်းကူးရိပ်သာရပ်ကွက် တိုးချဲ့ (၄)လမ်းအမှတ်(မရှိ)နေ
ဇွဲကြီး (ခ) ဇွဲပြည့်စုံမှူး (၂၇နှစ်) (ဘ) ဦးမောင်မောင်ကျော်အားဖမ်းဆီး ရမိနိုင်ရေးအပူတပြင်းလိုက်လံ
စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား မေ ၂၁ ရက်နံနက်၉နာရီတွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေရောဂါကုဆေးရုံကြီး
အရှေ့ မေဓာဝီလမ်းနှင့် ခေမာသီလမ်းဆုံ၌ လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့်ငွေများအနက်မှ
ငွေကျပ် ၅၁၀၀၀၀ ဖြင့်ဝယ်ယူထားသည့် Redmi Note11 ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး
၎င်း၏ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်အားလုယက်မှုကျူးလွန်ပြီး ခွဲဝေရရှိခဲ့သည့် ငွေများအား
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃)ရပ်ကွက်စိုက်ပျိုးရေး (၄)လမ်းအမှတ်(၆၉၃)နေ ၎င်း၏
သူငယ်ချင်းဖြစ်သူ နှင်းဝေဝေဖူး(ခ)ဖူးဖူး (၂၇နှစ်)(ဘ) ဦးကိုကိုအောင်ထံအပ်နှံကာ ၎င်းတို့
နှစ်ဦးအတူတူသုံးစွဲကြောင်းသိရှိရသဖြင့် နှင်းဝေဝေဖူး၏နေအိမ်အား ဆက်လက်သွားရောက် ရှာဖွေခဲ့ရာ၎င်းအား
၎င်း၏နေအိမ်အတွင်းမှ ငွေကျပ် ၃၂၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ဆက်လက်၍ ဖမ်းဆီးရမိသူတရားခံများ၏ထွက်ဆိုချက်များအရ
လုယက်မှုကျူးလွန်ရာမှ ရရှိ သည့် ငွေနှင့်သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ
ဝေလင်းထွန်း(ခ) ကိုထွန်းမှ ၎င်းခွဲဝေရရှိထားသည့် ငွေကျပ်သိန်း၇၀၀အနက်မှ ငွေကျပ် ၅၄၈
သိန်းနှင့် လုယက်မှု ကျူးလွန်ရာမှရရှိသည့် ငွေကျပ် ၅၅ သိန်းဖြင့် ဝယ်ယူထားသည့်
82W-40613HondaPCX ဆိုင်ကယ်တစ်စီးကို ၎င်း၏နေအိမ်မှလည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကိုနှင့်
ထွဋ်ခေါင်မင်း(ခ) ထက်လင်းကျော်တို့နှစ်ဦးမှ သိန်းဇော် ဦး(ခ)သားငယ်ထံ အပ်နှံထားသည့်
ငွေကျပ်သိန်း ၃၄၀ ကို သိန်းဇော် ဦး(ခ)သားငယ်၏နေအိမ်မှလည်းကောင်း၊ ထွဋ်ခေါင်မင်း(ခ)ထက်
လင်းကျော်၏ နေအိမ်မှ ငွေကျပ် သိန်း ၄၇၀ ကိုလည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကို၏နေအိမ်မှ
ငွေကျပ်သိန်း ၅၃၀ နှင့် လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ငွေကျပ် ၁၃၂၈၀၀၀ ဖြင့်ဝယ်ယူထားသည့်
Xiaomi 110 အမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Vivo Y35 အမျိုးအစား မိုးပြာရောင်
လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၄၆၀၀၀၀ ဖြင့်ဝယ်ယူထားသည့် ရွှေဆွဲကြိုးတစ်ကုံးတို့ကို
သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ
၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့်
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု များကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ်အခြေခံပြီး
ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း။
၎င်းတို့အနေဖြင့် မေ ၁၂ ရက် မွန်းလွဲ
၁ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၃၈)ရပ်ကွက်ပြည်ထောင်စုလမ်း
(၇/၈) လမ်းဆုံအနီးရှိကမ္ဘောဇ ဘဏ်ခွဲ(၃)အားလုယက် မှုကျူးလွန်ရန် ဇင်ကိုကိုဦး(ခ)ဇင်ကိုမှ
ဦးဆောင်၍ဘဏ်အနီးတွင် စောင့်ကြည့်ခြင်းများပြုလုပ်ခဲ့ ကြကြောင်း၊ လုယက်မှုကျူးလွန်ခဲ့သည့်
မေ ၁၃ ရက်မွန်းလွဲ ၁ နာရီ ခွဲတွင်ကမ္ဘောဇဘဏ်ခွဲ(၃) နှင့် ဘေးချင်းကပ်လျက် “Infinity
Mart” ရှိအအေးဆိုင်ရှေ့တွင်ယာဉ်အားရပ်တန့်ကာ လုယက်မှု ကျူးလွန်ရန်အခြေအနေအား စောင့်ကြည့်ခဲ့ကြကြောင်း။
ဘဏ်ရှေ့တွင်လူများသဖြင့် ဘဏ်အတွင်းဝင်ရောက်ပြီး
လုယက်မည့်အစီအစဉ်အား ဖျက် ၍ ၎င်းဘဏ်အတွင်းမှငွေများ ထည့်ထားသည့် ဆာလာအိတ်များအား အပြာရောင်ငွေသိမ်းယာဉ်
အတွင်းတင်ဆောင်ပြီး မောင်းနှင်သွားသည်ကိုတွေ့ရှိရသဖြင့် အဆိုပါငွေသိမ်းယာဉ်အား လုယက်ရန်ကြံစည်၍
နောက်ယောင်ခံလိုက်ခဲ့ကြကြောင်း၊ ၎င်းယာဉ်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၂)ရပ်ကွက်ပင်လုံလမ်းရှိ
ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင် ရပ်တန့် ကာယာဉ်ပေါ်ပါအမျိုးသားတစ်ဦးက ဘဏ်အတွင်းသို့ဝင်သွားပြီး
အခြားအမျိုးသားတစ်ဦးက ယာဉ်နောက်ခန်းတံခါးအားဖွင့်၍ ဆာလာအိတ်ခွံများယူနေစဉ် ထွဋ်ခေါင်မင်း(ခ)ထက်
လင်းကျော်ကအဆိုပါအမျိုးသားအား ဓားဖြင့်ထောက်ကာခြိမ်းခြောက်ပြီး ဇင်ကိုကိုဦး(ခ)ဇင်ကို၊
ဝေလင်းထွန်း(ခ)ကိုထွန်း၊ ဇွဲပြည့်စုံမှူး (ခ)ဇွဲကြီးတို့ သုံးဦးက ငွေသိမ်းယာဉ်ပေါ်မှ
ငွေထုပ်လေး ထုပ်အား ၎င်းတို့ကားပေါ်တင်ဆောင်လုယက်ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ
သိန်းဇော်ဦး (ခ) သားငယ်၏နေအိမ်သို့သယ်ဆောင်ခဲ့ပြီး ခွဲဝေယူဆောင်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားငါးဦးနှင့်
ပူးပေါင်းပါဝင်သူ အမျိုးသမီး တစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့်ငွေကျပ် သိန်း
၂၂၁၀ နှင့် လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့်
ငွေများ ဖြင့်ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊
Xiaomi အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့်
Redmi Note 11 အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး
ဖမ်းဆီးရမိ တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိ
ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဓားပြတိုက်လုယက်မှု ဖြစ်စဉ်ပေါင်း ၁၁ မှုဖြစ်ပွားခဲ့ပြီး
အမှုပေါင်းကိုးမှုအားဖော်ထုတ်နိုင်ခဲ့ကာ အမှုများမှတရားခံ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး
ရှစ်ဦးစုစုပေါင်း ၅၇ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိကာ
ဖော်ထုတ်ရရှိခဲ့သည့်အမှုများမှ ပြန်လည်သိမ်းဆည်းရရှိခဲ့ သည့်ငွေနှင့် သက်သေခံပစ္စည်းများ၏
တန်ဖိုး ငွေကျပ်စုစုပေါင်း ၉၈၀၄၄၀၀၀၀ အား ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်



No comments:
Post a Comment