ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့ညနေ(၅)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် အစည်း အဝေးခန်းမ၌ ဆရာမများနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရေးမိသားစုဖြစ်၍ လိုအပ်သည့် အခက်အခဲများ ရှိပါက ပြောကြားရန်နှင့် အားလုံးဝိုင်းဝန်းဖြေရှင်းရန် ကျောင်းနှင့်ပတ်သက်သည့် လိုအပ်ချက်များရှိပါက မိမိအနေဖြင့် ပြည်ထောင်စုအဆင့်သို့ တင်ပြရမည့်ဆိုပါက တင်ပြပေးမည်ဖြစ်ကြောင်း၊ ပြည်နယ် အစိုးရအဆင့်ဖြင့် ဖြေရှင်း ရမည့်ဆိုပါက ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးကပူးပေါင်းဆောင်ရွက်မှ သာအောင်မြင်မှုရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးစန္ဒာထွန်းမှ ကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)ကျောင်းအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးစန္ဒာထွန်းက လက်ခံရယူသည်။
ထို့နောက် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကွန်ပျူတာခန်းများ၊ စာသင်ခန်းများ ပြင်ဆင်ထားရှိမှုကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နည်းပညာ တက္ကသိုလ်(ကျိုင်းတုံ)ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းများပြန်လည် ဖွင့်လှစ်လာပြီးဖြစ်၍ ကျောင်းသား၊ ကျောင်းသူများကို သင်ခန်းစာအလိုက် သင်ကြားပေး ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း လျှပ်စစ်မီးလင်းရေး၊ လမ်းကောင်းမွန်ရေး၊ရေရရှိရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေ့ထား၍ ပြောကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကဏ္ဍအလိုက် ဆရာ၊ ဆရာမများက သင်ကြားပေးနိုင်ရန်နှင့် ကျောင်းအဆောက်အဦးများ ဥပတိကောင်းမွန်ရေးတို့ကို ကြိုးစားပေးကြရန်နှင့် လိုအပ်သည်များရှိပါက မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးကြရန်နှင့်လူ စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အစိုးအဖွဲ့နှင့်ပူးပေါင်းကာ ဆရာ၊ ဆရာများမှ ကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် (ကျိုင်းတုံ)ဒုတိယပါမောက္ခချုပ်ကိုယ်စား တွဲဖက်ပါမောက္ခဌာနမှူး ဓာတုဗေဒအင်ဂျင်နီယာဌာန ဒေါ်နီနီလင်းမှ ကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတက်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ကျောင်းနှင့် စက်မှုလက်မှုကျောင်းတို့အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီ၊ အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တွဲဖက်ပါမောက္ခဌာနမှူး ဓာတုဗေဒဌာနအင်ဂျင်နီယာဌာန ဒေါ်နီနီလင်းနှင့် စက်မှုလက်မှု ကျောင်းအုပ်ဆရာကြီး ဦးတေဇထွန်းတို့မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာနှင့် အေးချမ်းစွာ စာသင်နိုင်ရေးအတွက် စာသင်ခန်းများ၊ လက်တွေ့ခန်းများပြင်ဆင် ထားရှိမှုအားကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment