တောင်ကြီး မေ ၂၃
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)နှင့် ပြည်နယ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်များစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၂)ကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့
ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်သူများ တင်ပြလာသည့်လုပ်ငန်းများ
မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် လယ်စီအဖွဲ့အဆင့်ဆင့်များကလည်း
လျှောက်ထားလာသည့် လုပ်ငန်းအမျိုးအစားများအလိုက် စိစစ်ရမည့် အချက်အများနှင့်ပါရှိရမည့်
အထောက်အထားများကို သေသေချာချာ စိစစ်ဆောင်ရွက်ပေးရန် အသိပေးပြောကြားလိုကြောင်း၊ ပြည်နယ်လယ်ယာ
မြေစီမံခန့်ခွဲ့မှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့်
ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏
သဘောထားရယူခွင့်ပြုပေးသလို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ
စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံးဆောင်ရွက်နေသည်ကို
အလေးအနက်ထား ပြောကြားလိုကြောင်း၊ မြေလွတ်၊မြေရိုင်းများကိုလည်း သတ်မှတ်လုပ်ငန်းအမျိုးအစားအလိုက်
ခွင့်ပြုပေးလျက်ရှိရာ သတ်မှတ်မြေခွန်ကင်းလွတ်ကာလ ကုန်ဆုံးပါက မြေခွန်များကိုလည်း အပြည့်အဝထမ်းဆောင်ကြရန်
တက်ရောက်လာသည့် အဖွဲ့ဝင်များအားလုံးကလည်း တိုက်တွန်းပြောကြား ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍
အစည်းအဝေးဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊
လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့
အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ
အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ မြေယာအယူခံအမှုတွဲများ
ဆွေးနွေးဆုံးဖြတ်ပြီး ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ
အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး
ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား
ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)



No comments:
Post a Comment