နေပြည်တော် မေ ၁၀
ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီးပရိဝုဏ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိ သန္နဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်
ရန်အောင်မြင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒိမာအမှူး ပြုသောသံဃာတော်အရှင်သူမြတ်များ
ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊
အမြဲတမ်း အတွင်းဝန်၊ ဌာနကြီးမှူးနှင့်ဌာနမှူးများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြ
သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို
ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော် ပုဗ္ဗ သီရိမြို့နယ်ရန်အောင်မြင် ကျောင်းတိုက်ပဓာနနာယက
ဆရာတော် ဘဒ္ဒန္တစန္ဒိမာ မထေရ်မြတ်ထံမှဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ်များက
ငါးပါးသီလခံယူဆောက်တည် ကြပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊
ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တစန္ဒိမာမထေရ်မြတ်ထံမှ
ဒုတိယမြို့တော်ဝန်အမှူးပြုသော ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာကြား၍
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနား ရုပ်သိမ်းပြီး
အလှည့်ကျပဋ္ဌာန ဘာဏကသံဃာတော်မှ မဟာပဋ္ဌာန်းဒေသနာတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ကာ ပဋ္ဌာန်းပူဇော်ပွဲကို
၂၀၂၂ ခုနှစ်မေ ၁၄ ရက်အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment