နေပြည်တော် မေ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့် သင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၂
ကြိမ်ဖွင့်လှစ်
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်တာနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိဝန်ထမ်းများ၏
လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် သင်တန်းပေါင်း ၂၂ ကြိမ် ဖွင့်လှစ်ပို့ချပေးနိုင်
ခဲ့ကြောင်း။
ပြန်လည်မျှဝေပေးရမည်
ဌာန၏ လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ဦးတည်၍
သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့်
ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင်အသုံးချနိုင်သည်အထိ သင်ယူပြီး မိမိဝန်ထမ်းများကိုလည်း
ပြန်လည် မျှဝေပေးရမည်ဖြစ်ကြောင်း။
ကြိုးစားဆောင်ရွက်
အရာရှိ စွမ်းရည်မြှင့်သင်တန်းတွင် သင်ကြားပေးသည့်
ဘာသာရပ်များသာမကပိုမိုသစ်လွင် ကောင်းမွန်သည့်တီထွင်ဆန်းသစ် မှုများကိုလည်း အမြဲလေ့လာသင်ယူ၍
ဝန်ကြီးဌာနနှင့် ဦးစီး ဌာန၏ ရည်မှန်းချက်တာဝန်များ ကိုပေါက်မြောက်အောင်မြင်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ပြည်ထောင်စု ဝန်ကြီးကအရာရှိစွမ်းရည်မြှင့်
သင်တန်းသို့ တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အဆိုပါ အရာရှိစွမ်းရည်မြှင့် သင်တန်း
(၁/၂၀၂၂) ကို နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
လက်ထောက်ညွှန်ကြားရေးမှူး ၃၄ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment