နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါး၊ ပုစွန် တန်(၁၀၀၀) အအေးခန်း စက်ရုံကို သွားရောက်ကြည့်ရှုသည်။
ခင်းကျင်းပြထား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စက်ရုံ သို့ရောက်ရှိကြပြီး ခင်းကျင်း ပြထားသည့် GAqP (Good Aquaculture Practices) လုပ်ငန်းစဉ်အတိုင်း ထုတ်လုပ်ထားသည့် ငါး၊ ပုစွန်များ ထုပ်ပိုးထားမှုအဆင့်ဆင့် ကို ကြည့်ရှုကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စက်ရုံဧည့်ခန်းမဆောင်၌ စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာဦးလှသန်း က ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၊ ခေတ်မီရေငန် ပုစွန်များ မွေးမြူထားရှိမှု၊ အအေးခန်း စက်ရုံကုန်ပစ္စည်းများထုတ်လုပ်မှု အဆင့် ဆင့်များကိုလည်းကောင်း၊ မြိတ်ကော် ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြိတ်မြို့ နိုင်ငံတကာ အဆင့်မီ ပထမဆုံးသော အပြည်ပြည်ဆိုင် ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း ကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလို သည်များကို မေးမြန်းပြီး လုပ်ငန်းလိုချက် များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကိုယ်ထူကိုယ်ထ သင်္ဘောလွန်းကျင်း လုပ်ငန်းခွင်၊ ငါး၊ ပုစွန်များ မွေးမြူထားရှိ သည့် ကန်များကို မော်တော်ယာဉ်များ ဖြင့် လိုက်လံကြည့်ရှုကြသည်။
အဆိုပါ (တန် ၁၀၀၀) အအေးခန်း စက်ရုံသည်
မြိတ်မြို့အနီး ပထော်-ပထက် ကျွန်း၌ ရေထွက်ပစ္စည်းများအား တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ်
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်၊ ရရှိလာသည့် ရေထွက် ကုန်ကြမ်းပစ္စည်းများ
လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်၊ နိုင်ငံတော်၏ နိုင်ငံခြား ဝင်ငွေရရှိမှု ပိုမိုတိုးတက်လာစေရန်၊
ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ လူသားအရင်းအမြစ်များ
ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်သို့ အခွန်ငွေများကို တစ်နှစ်ထက်တစ်နှစ်
ပိုမိုပေးသွင်းထမ်းဆောင် နိုင်စေရန်၊ ဒေသခံတိုင်းရင်းသား များ၏ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး လုံခြုံစိတ်ချသော လူမှုဘဝကို ပိုင်ဆိုင်နိုင်
စေရန် စသည့်ရည်ရွယ်ချက်များနှင့်အညီ ၁၉၉၈ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင်
ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း၊ ရေထွက်ပစ္စည်းများကို အရည် အသွေး၊ အရွယ်အစား ရွေးချယ်စစ်ဆေး
ခြင်း၊ ဝယ်ယူပြီး ဆေးကြောသန့်စင်ခြင်း၊ စနစ်တကျထုပ်ပိုးခြင်း၊ အေးခဲတုံးများ ပြုလုပ်ခြင်း၊ အအေးခန်းများအတွင်း သိုလှောင်ခြင်းများကို
အဆင့်ဆင့်ပြုလုပ် ရောင်းချလျက်ရှိသည့်အပြင် မြိတ်ဒေသ တစ်ခုလုံးရှိ ငါးဖမ်းစက်လှေ ၁၈၀၀
နီးပါးတို့၏ ဖမ်းဆီးရမိ ငါး/ပုစွန်များကို လည်း ဝယ်ယူပေးလျက်ရှိကြောင်း၊ ဂျပန်၊ အမေရိကန်၊
ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော ပြည်ပနိုင်ငံများသို့လည်း အမှာစာများ
အတိုင်း GAqP လုပ်ငန်းစဉ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်းအတိုင်း တင်ပို့ ရောင်းချလျက်ရှိကြောင်း၊
နှစ်စဉ် ရေငန် ငါးမျိုးစုံ တန် ၁၀၀၀ ခန့်၊ ပုစွန် တန် ၆၀၀ ခန့်၊ ကဏန်းပျော့တန် ၂၉၀
ခန့်ကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပြီး နိုင်ငံတော်အတွက် တာဝန်
ကျေပွန်စွာ သတ်မှတ်အခွန်နှုန်း ထားများအတိုင်း ပေးသွင်းလျက်ရှိသည့် နိုင်ငံ့အခွန် ထမ်း
ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။
ဖူးမြော်ကြည်ညို
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင် များက လက်ခံရယူကြပြီး ဘုရားကြီး၏ ပုံတော်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ဘုရားကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment