ဟင်္သာတ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ အ.ထ.က(၆)ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
ကျော်စွာလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ စီးပွားရေးရာဝန်ကြီး
ဦးတင်အေးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇေယျတို့မှ
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်ခဲ့သော ကျောင်းဆောင်သစ်သည် အလျား (၁၃၀)ပေ၊ အနံ
(၃၀)ပေ၊ အမြင့် (၂၃)ပေရှိ RC
နှစ်ထပ် အမျိုးအစားဖြစ်ကာ ၁၅-၉-၂၀၂၁ ရက်နေ့မှ
၂၅-၃-၂၀၂၂ ရက်နေ့ထိ ထူးမြတ်ဧရာကုမ္ပဏီမှ
တိုင်းဒေသကြီး အစိုးရရန်ပုံငွေ (၁၉၄.၇၇)ကျပ်သန်းဖြင့် တာဝန်ယူ
တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြမြသန်းနှင့် ဆရာ/မများ၊
မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)
No comments:
Post a Comment