Thursday, May 5, 2022

“မန်းသိင်္ဂါ”ရုပ်စုံသဘင် သုဝဏ္ဏသာမဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 


နေပြည်တော်  မေ 

ပြည်သူများ    အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်   စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မန်းသိင်္ဂါရုပ်စုံသဘင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို  မေ ရက် စနေနေ့   နာရီ သတင်း အပြီးတွင်      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV – HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းတင်ဆက်မှုကို  ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်  (မန္တလေး)တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဇာတ်ညွှန်း နန်းမြင့်ဆွေ (မန္တလေး-ရွှေတံဆိပ်ဆုများရှင်)   ရေးသားကာ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)  တို့မှ ဆိုင်းပညာရှင်များ၏ တီးခတ်မှုနှင့်အတူ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သဘင်ပညာဌာနမှ အနုပညာရှင်များက တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment