နေပြည်တော် ဧပြီ ၈
Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းနှင့် နေပြည်တော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက Unboxing Investment Facilitation Toolkit
2022 စသည့် Online Tool များကို အသုံးပြုပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
(DICA)နှင့် စီးပွားရေး လုပ်ငန်းရှင်များကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေကာ
စီးပွားရေးရပ်ဝန်းအတွက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုများ
ဆောင်ရွက်နိုင်လိမ့်မည်လို့ မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်
ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်မှု ရှိသည့် စီးပွားရေးလုပ်ငန်းများကို ယာယီအားဖြင့်
ကုစားနိုင်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး၊ အလွန်သက်သာသည့် အတိုးနှုန်းဖြင့်
ထုတ်ပေးနေတာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ချေးငွေအနေဖြင့်
လုပ်ငန်းရှင် ၇၁ ဦးအတွက် ချေးငွေ (၂.၅၆၃) ဘီလီယံ ထုတ်ချေးပေးထား ပြီးဖြစ်ကြောင်း၊
ယနေ့ထပ်မံခွင့်ပြုပေးသည့် လုပ်ငန်းရှင် ၁၅ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုထားသည့်
လုပ်ငန်းရှင်ပေါင်း ၈၆ ဦး ရှိပြီဖြစ်ပါကြောင်း၊ ချေးငွေ ခွင့်ပြုချက် ရရှိသူများအနေဖြင့်
နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရန်ပုံငွေချေးငွေ ရည်ရွယ်ချက် များနဲ့အညီ
ချေးငွေများကို အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးချပြီး၊ မိမိတို့၏ စီးပွားရေး လုပ်ငန်းများ တည်တံ့ခိုင်မာတိုးတက်အောင်
ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ချေးငွေကာလ (၁)နှစ် ပြည့်မြောက်ပြီး
ပြန်ဆပ်ရမည့်အချိန်တွင် အပြည့်အဝ မှန်မှန်ကန်ကန် ပြန်ဆပ်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက်
နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူက ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို Online
မှတစ်ဆင့် လွယ်ကူစွာ တွေ့ဆုံကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ အီလက်ထရောနစ်
တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု(DICA Online Solution - DOSo) စနစ်၊ Standard Operating Procedures (SOPs)
တစ်နေရာတည်း၌ အလုံးစုံဝန်ဆောင်မှုပေးခြင်း (OSS) စနစ်၊ DICA info Android Mobile application တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး တို့က နေပြည်တော်အတွင်းရှိ
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ ကိုဗင်-၁၉
ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်း လက်မှတ်များပေးအပ်ရာ တိုင်းသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်တာဝန်ရှိသူများက
လက်ခံရယူကြပြီး တိုင်းသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးသိန်းအောင်က ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်
ဦးဇေယျာလင်းက Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းနှင့်
နေပြည်တော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ကိုဗစ်-၁၉
ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်း လက်မှတ်များပေးအပ်ခြင်းနှင့်စပ်လျဉ်း၍
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment