Thursday, April 21, 2022

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ ဧပြီ ၂၁

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၂/၂၀၂၂) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ကိုဗစ်- ၁၉ ရောဂါ စတုတ္ထလှိုင်းအတွင် ရောဂါပိုးတွေ့ရှိသည့် မြို့နယ် ၁၁ မြို့နယ်ရှိပြီး အများဆုံးရောဂါပိုးတွေ့ ရှိသည့်မြို့နယ်မှာ စစ်တွေမြို့နယ်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့များပြားရခြင်းမှာလည်း လေကြောင်းခရီးဖြင့် သွားရောက်မည့်သူများ အားစစ်ဆေးခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာသူများအား စစ်ဆေးခြင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား စစ်တွေမြို့ပြည်သူ့ဆေးရုံးကြီးတွင် ဆေးရုံတက်ရောက်ကု သမှုခံယူရသဖြင့် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်၊ ဧပြီလအကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆေးထိုး နှံရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အသက် ၁၈ နှစ်နှင့်အထက် ဆေးထိုးရန်အ ကျုံးဝင်ဦးရေ ၁၈၅၁၄၄၅ ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံနိုင်ခြင်းမရှိသည့် ဦးရေမှာ ၂၂၆၁၁၇ ဦးရှိပါကြောင်း၊ လျာထားအင်အားပြည့်မီခြင်း မရှိသည့် မြို့နယ်အား ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌများကိုယ်တိုင် ကြီးကြပ် ကာ ကော်မတီအဖွဲ့ဝင်များကိုလည်း နယ်မြေခွဲခြားသတ်မှတ်၍ တာဝန်ပေးသွားရန်လိုကြောင်း၊ ဧပြီလအကုန် တွင် ရာနှုန်းပြည့်ထိုးနှံ ပြီးစီးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့်အပြင် ရောဂါကူးစက်လာပါကလည်း ခံနိုင်ရည်ရှိနိုင် ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆော်ဩသွားရန်လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ကြည်လွင်က မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်း၊ Bill Board စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌများက ကာကွယ်ဆေး ထိုးနှံနေမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment