Thursday, April 21, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 


နေပြည်တော် ဧပြီ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ‌ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံက မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2)နှင့် စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင်ကျင်းပမည့် ညှိနှိုင်းအစည်းအဝေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment