ကျန်းမာရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက် မည်သည့် မိုဘိုင်းဖုန်း/ တက်ဘလက်နှင့်မဆို အသုံးပြုနိုင်သည့် QR code ပါရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်း (COVID-19 Vaccination Electronic Certificate) (English Version) အား Online စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ (၇-၄-၂၀၂၂)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm မှတဆင့် လျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
Electronic Vaccination Certificate ကို လျှောက်ထားနိုင်သူများ
• ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၊
• ကာကွယ်ဆေးထိုးအချက်အလက်များအား Vaccination Management Information
System-VMIS စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်း ရှိသူ၊
လျှောက်ထားရာတွင် တင်သွင်းရန် လိုအပ်သည့်အချက်များ
• Online စနစ်ဖြင့် လျှောက်ထားသူမှ အမည်၊ အဘအမည်၊ Passport No.၊ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပတ် စသည့်အချက်များကို ဖြည့်သွင်းရပါမည်၊
• လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ Passport ၏ Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာဆေးထိုးမှတ်တမ်းဓါတ်ပုံများ တွဲ၍ လျှောက် ထားရပါမည်၊
• အချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦး လျှင် ငွေ(၅,၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်၊
• mobile payment အတွက် ကနဦးအနေဖြင့် CB Pay, Myanmar Citizen Pay, UAB Pay,
KBZ Pay တို့အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်ပါသည်။
(COVID-19 Vaccination Electronic Certificate) (English Version) အား လျောက်ထားပြီးနောက် မိမိလက်ဝယ်ရယူနိုင်ရေး ဆောင်ရွက်ရမည့်အချက်များ
• Vaccination
Certificate လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် (၅)ရက်အတွင်း COVID-19 Vaccination Electronic
Certificate အား c19vc.moh.gov.mm တွင် မိမိကိုယ်တိုင် ရယူနိုင်ပါသည်၊
• ထိုကဲ့သို့ ဆောင်ရွက်ရန် မိမိတို့ စတင်လျှောက်ထားစဉ်က ရရှိသည့် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ရယူရမည်ဖြစ်ပါသည်၊
• အချက်အလက်မပြည့်စုံသူများ၊ မှားယွင်းနေသူများမှ လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ပြန် လည် လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အမှားပြင်ဆင်ခြင်းအတွက် နောက်တစ်ကြိမ် ငွေထပ်မံပေးဆောင်ရန် မလိုအပ်ပါ၊
• ထုတ်ပေးပြီးသည့် COVID-19 Vaccination Electronic Certificate ပျောက်ဆုံးပါက လည်း c19vc.moh.gov.mm တွင် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ထပ်မံရယူခြင်း (download)ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
သတင်းအချက်အလက်များထပ်မံသိရှိရယူလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ email address ဖြစ်သည့် c19vc@mohs.gov.mm သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
No comments:
Post a Comment