Wednesday, April 13, 2022

၂၀၂၂ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ ပြိုင်ပွဲဖွင့်ပွဲကျင်းပ


နေပြည်တော် ဧပြီ ၁၂

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲကို ယနေ့ညနေ ၆ နာရီခွဲက နေပြည်တော် ရုံးအမှတ် (၃၈) ရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ဖွင့်လှစ်ပေးပြီး တပ်ဖွဲ့/ဦးစီးဌာနများမှ အမျိုးသမီးယိမ်းအကအဖွဲ့ ၁၂ ဖွဲ့၊ အမျိုးသား Dancer အဖွဲ့ ၁၂ ဖွဲ့ စုစုပေါင်း ၂၄ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment