နေပြည်တော်၊ ဧပြီ ၂၃
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ အောင်ကောင်းသန့်သည် ၎င်းအသုံးပြုသည့် “Aung Thant" Face book အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်နေ မင်းမင်းဦး(ခ)မိုးသီးသည် ၎င်းအသုံးပြုသည့် “Min Min Oo” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်။ အမှတ်(၆)ရပ်ကွက်နေ ထက်မောင်ဝင်းသည် ၎င်းအသုံးပြုသည့် “Htet Khaung Win” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ စောယုအောင်သည် ၎င်းအသုံးပြု သည့် “Saw Yu Aung” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်။
(ဌ)ရပ်ကွက်နေ ပိုင်စိုး(ခ)အံ့ကျော်နှင့် ၎င်း၏ဇနီးဖြစ်သူ ဇင်မာအောင်တို့သည် ၎င်းတို့အသုံးပြုသည့် "Paing Soe" Facebook အကောင့်နှင့် "Zin Mar Aung Facebook အကောင့်၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်နေ တင့်ဝေ(ခ)ကိုတင့်သည် ၎င်းအသုံးပြုသည့် “Ko Tint” Facebook အကောင့်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်ရပ်ကွက်နေ သက်ဇော်ဦးသည် ၎င်းအသုံးပြု သည့် “Thet Zaw Oo” Facebook အကောင့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်။ တောင်ရပ်ကွက်နေ ဖိုးတုတ်၊ လင်းလင်းထိုက်နှင့် ချိုချို စန်း(ခ)ငယ်ငယ်တို့သည် ၎င်းတို့အသုံးပြု သည့် ဖိုးတုတ်” Facebook အ ကောင့်၊ “Lin Lin Htike” Facebook အ ကောင့်နှင့် “Cho Cho Sann” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူ ခြင်းများဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန် အပ်ပါသည်။
No comments:
Post a Comment