ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊
ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား
COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး
(၂၃-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း
(၇,၆၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။
ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း
ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ
ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၈၉၈,၇၅၄) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ
စုစုပေါင်း (၆၁၂,၇၄၉) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား
နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ
ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၄) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ
စုစုပေါင်း (၅၉၁,၆၃၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့်
ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။
သို့ဖြစ်ပါ၍
(၃-၄-၂၀၂၂) ရက်နေ့မှစ၍ ယနေ့အထိ (၂၂) ရက်ဆက်တိုက်
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းမှာ (၁) ရာခိုင်နှုန်းအောက်သို့ လျော့နည်းလျက်ရှိနေပါကြောင်းနှင့်
(၇-၄-၂၀၂၂) ရက်နေ့မှစတင်၍ ယနေ့အထိ (၁၈)ရက်ဆက်တိုက် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိခဲ့ကြောင်း
တွေ့ရှိရပါသည်။
COVID-19 ရောဂါ
ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါ ကာကွယ်ဆေးကို
ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၃-၄-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း
(၂၉,၆၀၈,၀၃၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၆,၇၄၄,၀၅၈) ဦး၊
ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၂,၈၆၃,၉၇၉) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ
(၁,၂၇၈,၃၂၉) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၃-၄-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင်
COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၃,၇၅၀,၃၄၅) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
·
ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု
ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ
လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို
အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊
သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့်
နာတာရှည် ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်
အထူးလိုအပ်ပါသည်။
·
နိုင်ငံတကာ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်
ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
·
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက်
မိဘပြည်သူအားလုံးနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့်
အသက် ၄၀ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော
မိဘပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍
ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်
ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို
မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်
အပ်ပါသည်။
·
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို
ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
No comments:
Post a Comment