Wednesday, April 13, 2022

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ အမှိုက်ကောက် Campaign ဆောင်ရွက်

 

မြောက်ဦး ဧပြီ ၁၂

ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အဆိုပြုစာတွဲ (Nomination Dossier) (Complete)ကို ကမ္ဘာ့အမွေအနှစ်ညီလာခံကော်မတီသို့ ပေးပို့တင်ပြထားပြီးဖြစ်သည်။

သာယာလှပသန့်ရှင်းရေး

အဆိုပြုစာတွဲနှင့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲမှု(မူဘောင်)ပါ အချက်များမှ အမွေအနှစ်ဒေသ သာယာလှပသန့်ရှင်း ရေးသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်း ရေးအမှိုက်ကောက် Campaign ကို စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာဒုတိယအကြိမ် စုပေါင်း သန့်ရှင်ရေးကို ယနေ့နံနက်ပိုင်းတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ လူမှုရေး/ပရဟိတအဖွဲ့ အစည်းများနှင့်မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့က နန်းတော်ရာကုန်းဝန်းကျင်ရှိ နန်းသားကန် အရှေ့ဘက်ကွင်း၊ ဆေးရုံဟောင်းနေရာ၊နန်းတော်ရာ ကုန်းမြောက်ဘက်ဘောလုံးကွင်း၊ နန်းတော်ရာ ကုန်း တတိယတံတိုင်းဝန်းကျင်နှင့် ဝရစ်တောကွင်းနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment