ရန်ကုန် မတ် ၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးတို့သည် ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်များတွင် မဟာတန်း၊ မဟာအရည်အချင်း စစ်တန်းနှင့် ဂုဏ်ထူးတန်း တတိယနှစ်စာမေးပွဲ ဖြေဆိုနေမှုများကိုလည်းကောင်း၊ အခြေခံပညာ ကျောင်းများ တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ လှည့်လည်ကြည့်ရှုရာတွင် ဧပြီ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်များကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးတက္ကသိုလ်နှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်များကို လည်းကောင်း၊ ဧပြီ ၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ ထားဝယ်တက္ကသိုလ်များကိုလည်းကောင်း၊ ဧပြီ ၇ ရက်တွင် မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျွဲကူးတပ်နယ်အခြေခံပညာ အထက်တန်းကျောင်း နှင့် မြိတ်တက္ကသိုလ်များ ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment