Wednesday, April 13, 2022

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

 နေပြည်တော် ဧပြီ ၁၂

အမျိုးသမီးများကိုတရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာငွေကြေး အကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်နေ ဒေါ်နုနုငယ် (ခ) ဒေါ်ဥမ္မာက နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်နေ မ --- ၊ ၂၂ နှစ်၊ မ --- ၊ ၁၈ နှစ်၊ မ --- ၊ ၄၀ နှစ်၊ မ ---၊ ၂၂ နှစ်တို့ လေးဦးအား တရုတ်နိုင်ငံရှိ နို့မှုန့်စက်ရုံနှင့် ဖိနပ်စက်ရုံတို့တွင် အလုပ်လုပ်ကိုင် ပါကတစ်လလျှင် ငွေကျပ်သုံးသိန်းခန့်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားများထံ ပို့ဆောင် ရောင်းစားကာ ငွေကြေးအကျိုး အမြတ်များရယူခဲ့သဖြင့် တပ်ကုန်းမြို့မ ရဲစခန်း (ပ) ၁၂ / ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ ဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်နုနုငယ် (ခ) ဒေါ်ဥမ္မာကို ဧပြီ ၈ ရက်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ရှောင်ပင်ရိုးအုပ်စုနေ မခင်နှင်းဝေ (ခ)ဝေဝေ က မန္တလေးတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ်နေမ --- ၊ ၂၁ နှစ်နှင့် မ --- ၊ ၂၀ နှစ်တို့ကို တရုတ်နိုင်ငံတွင် အလုပ်လုပ် ကိုင်ပါက အဆင်ပြေပြီး ဝင်ငွေကောင်းသည်၊ ငွေကျပ် သိန်း ၃၀ ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ် ယောကျ်ားများထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် စဉ့်ကူးမြို့နယ် လက်ပံလှနယ်မြေရဲစခန်း (ပ) ၅၂၄/ ၂၀၁၉ နှင့် (ပ) ၆၀၂ / ၂၀၁၉၊ လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ တို့ဖြင့် အမှုရေးဖွင့်၍ ပြင်ဦးလွင်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မခင်နှင်း ဝေ (ခ)ဝေဝေကို ဧပြီ ၈ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရအမှု တစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်နေဒေါ်မာချို(ခ) ဒေါ်ကျင်လှနှင့် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်နေ မအေးအေးခိုင်တို့က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နေ မ xxx ၊ ၃၀ နှစ် အား ရှမ်းပြည်နယ် တန့်ယန်းမြို့ရှိ KTV ဆိုင် တွင်အလုပ်လုပ်ကိုင်ပါကတစ်လလျှင် ငွေကျပ် တစ်သိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားထံပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်း (ပ) ၁၈၆၀ / ၂၀၁၉၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်မာချို(ခ)ဒေါ်ကျင်လှနှင့် မအေးအေးခိုင် တို့ အား ဧပြီ ၈ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment