Monday, April 11, 2022

ပန်းဘဲတန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန် ပက်လမ်းပေါ်ရှိ ကျိုလီယာဂျာမေဗလီတွင်ဥပုသ် ဝင်ရောက်သူ၂၀၀၊တရားပေးဆရာ လေးဦး၊ ဗလီအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင်သုံးဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment