Monday, April 18, 2022

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပွဲ၊ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲနှင့် ဇီဝတဒါန ငါးလွတ်ပွဲအခမ်းအနားများသို့ တက်ရောက်

 


နေပြည်တော် ဧပြီ ၁၈ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း    ပရိတ်တရားတော်များ ရွတ်ဖတ်ပွဲ၊ သက်ကြီးဘိုးဘွားများကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပင့်ဖိတ်ခံသံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။





 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ အောင်စည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ထံမှ ကိုးပါသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ် တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ အား နာယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အဖွဲ့ဝင်၊ အောင်စည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မထေရ် မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြုသော ဧည့်ပရိသတ်များက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ သုခဝိဟာရသရက်ကုန်း ကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ဘိုးဘွားများကန်တော့ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ကန်တော့ခံ အဘိုးအဘွား ၆၀ ဦးကို ကန်တော့ကြပြီး ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြရာ ဘိုးဘွားများ ကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းစကားပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင် မြင်ဆည်အတွင်း ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို သွားရောက်၍ ဆည်ရေပြင်အတွင်း ရွှေဝါငါးကြင်း အကောင်ရေ သုံးသောင်း၊ ထိုင်းငါးခုံမ အကောင်ရေ နှစ်သောင်း စုစုပေါင်း ငါးအကောင်ရေ ငါးသောင်းတို့ကို ဇီဝိတဒါနအဖြစ် တစ်ပျော်တပါးကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။ 

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment