နေပြည်တော် ဧပြီ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် တာဝန် ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်၌ တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်
ရေးဦးစီးဌာန နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇင်ဝင်းက
နေပြည်တော်လေဆိပ်၏ ခရီးသည် ဝင်/ထွက်မှု၊ လူဝင်မှုစစ်ဆေး ရေးလုပ်ငန်းများ ဆောင်ရွက်မှု
နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက
ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး၊
ကာကွယ်ဆေးအပြည့်အဝထိုးနှံရေး၊ ပြည်တွင်း လေကြောင်းလိုင်းများဖြင့် သွားလာကြသည့် နိုင်ငံသားများအား
နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့်အစီအစဉ်၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်၍
လုံခြုံမှုအဆင့်ရှိ စာရွက်စာတမ်းများ စနစ်တကျ ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်းကောင်း
ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်
စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်သွားလာနေကြသည့်
နိုင်ငံခြားသားများနှင့် ပတ်သက်သည့် နိုင်ငံခြားသား ထိန်းသိမ်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံခြားသားများ၊
မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို
ယာယီ ကန့်သတ်ထားရာမှ လာမည့် ဧပြီ ၁၇ ရက်မှစ၍ ပြည်ဝင်ဗီဇာနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ
ပုံမှန်ပြန်လည် ပြေးဆွဲခွင့် ပြုမည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ထား ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း
ခွင့်ပြုချက်အရ ဧပြီ ၁ ရက် မှစ၍ e-Visa စနစ်ဖြင့် Business Visa ( လုပ်ငန်းဗီဇာ )ကို
စတင်လျှောက်ထားခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ ပြည်ပလေကြောင်း
ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ခွင့်ပြုရာတွင် မိမိတို့ဌာနမှ အပြည် ပြည်ဆိုင်ရာလေဆိပ်
တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လိုအပ် သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊
လူဝင်မှုစစ်ဆေးရေး လုပ်ငန်း များ အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသွားများအတွက် ထိရောက်သော
ဝန်ဆောင်မှုများ ပေးနိုင်ရေး အတွက် အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ထားကြ ရမည်ဖြစ်ပါကြောင်း၊
ခရီးသွားများအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဆက်ဆံဆောင်ရွက်မှုသည်
နိုင်ငံ၏ပြယုဂ် ဖြစ်သည်ကို အလေးဂရုပြုကြစေလိုကြောင်း၊ အခြားသော ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့်လည်း
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်မီတင်ပြဆောင်ရွက်ကြ
ရန်ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ နေရာရှိ လူဝင်မှုစစ်ဆေး ရေးကောင်တာများ၊
ဆိုက်ရောက် ဗီဇာ (Visa on Arrival) ကောင်တာ နှင့် ပြည်ပဆိုက်ရောက်နေရာရှိ လူဝင်မှုစစ်ဆေးရေး
ကောင်တာ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ရာ (အပေါ်ပုံ) တာဝန်ရှိသူများက ခရီးသည်များအတွက်
လူဝင်မှုစစ်ဆေးဆောင်ရွက်မည့် အခြေအနေ များကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက
လုံခြုံရေးသတိ၊ ကျန်းမာရေးအသိတို့ဖြင့် ဂရုပြုဆောင်ရွက်ကြရေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment