နေပြည်တော် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ပြည့်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ အောက်ဆီဂျင်စက်ရုံရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်
ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် အလှူရှင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး
Oxygen Plant ဖွင့်ပွဲ အထိမ်းအမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူတို့ကအောက်ဆီဂျင်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ခုတင်(၁၀၀)ပြည့်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်အစားအစာများနှင့် နှာခေါင်းစည်း (Mask) များ ပေးအပ်ကြသည်။
ယနေ့ဖွင့်လှစ်သည့် Oxygen Plant(Container Type)အား တပ်ကုန်းမြို့နယ်နေ ဦးတင်မြင့် ဇနီးဒေါ်တင်ငွေ မိသားစုတို့မှလည်းကောင်း၊ Oxygen Plantအဆောက်အဦအား ဦးနု ဇနီး ဒေါ်ကျင်နု (NNN) မိသားစုတို့မှလည်းကောင်း အသီးသီးလှူဒါန်းကြပြီး ကာလတန်ဖိုးငွေကျပ် သိန်း၁၃၀၀ကျော် တန်ဖိုးရှိကြောင်း သိရသည်။ အဆိုပါ Oxygen Plant မှ ၂၄ နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး(၂၀၀) ထွက်ရှိမည်ဖြစ်ပြီး တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည့်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက် ဖွင့်လှစ်ထားခြင်းကြောင့် ဆေးရုံတက်ရောက် ကုသသည့် လူနာများအတွက် အောက်ဆီဂျင်အိုး လုံလောက်မှုရှိသည့်အပြင် မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်သို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှု အားပေးပြီး ကာကွယ်ဆေးလားရောက်ထိုးနှံသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နှာခေါင်းစည်း (Mask)များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment