Friday, April 8, 2022

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်    ဧပြီ   

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဝန်ကြီးနှင့်အတူ  ယနေ့နံနက်ပိုင်းက နေပြည်တော်နယ်မြေအတွင်းရှိ    မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)နှင့်    သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ မီးရထား၊  စက်ခေါင်းသစ်   တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်)သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် စွမ်းဆောင်နိုင်မှုကို   ရှင်းလင်းတင်ပြရာ   ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ် လေ့ကျင့်၊ မွေးထုတ်၊    တာဝန်ပေးနိုင်ရေးကိစ္စ၊   အနာဂတ် ရည်မှန်းချက်များနှင့်အညီ   အရည်အသွေးပြည့်ဝသည့်   စက်ခေါင်းသစ်များ  လျာထားချက်နှင့်အညီ တပ်ဆင်ထုတ်လုပ်နိုင်ရေး ကိစ္စတို့ကို  မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ၌ တပ်ဆင်ထားသည့် စက်ပစ္စည်းကိရိယာများ ထိန်းသိမ်းထားရှိမှု၊    အသုံးချဆောင်ရွက်နေမှု၊ မြင်းကောင်ရေ (၁၂၀၀) စက်ခေါင်းသစ်များ တပ်ဆင် ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်နေမှု၊  အသုံးပြုနေဆဲ စက်ခေါင်းအချို့ ပြုပြင်မွမ်းမံပြင်ဆင်ပေးမှုလုပ်ငန်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  သတင်းအချက်အလက်နည်းပညာနှင့်    ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနသို့ရောက်ရှိရာ  အစည်းအဝေး ခန်းမတွင် e-Government ဌာနတာဝန်ရှိသူက ဝန်ကြီးဌာနများအလိုက် ထားရှိသော e-Government Data Center လုပ်ငန်းများ ဆောင်ရွက်မှု ၊ ဝန်ဆောင် မှုပေးနေသည့်  အခြေအနေနှင့်  ဆောင်ရွက်နေဆဲ ဖြစ်သည့်  e-Government Integrated Data Center တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုကို တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက သတ်မှတ်အချိန် ဇယားအတိုင်းပြီးစီးရေး၊   အဆောက်အအုံ အရည်အသွေး ကောင်းမွန်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် Security Operation Center (SOC) နှင့် e-Government   Data  Center စက်ခန်းတို့သို့ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်     အမျိုးသားဆိုက်ဘာ   လုံခြုံရေး နည်းပညာဆိုင်ရာရုံး       အဆောက်အအုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး ရာ တာဝန်ရှိသူက တည်ဆောက်ပြီးစီးမှုကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် e-Government Integrated Data Center တည်ဆောက်ခြင်းစီမံကိန်း      ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာန တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်

No comments:

Post a Comment