Sunday, April 17, 2022

တရားမဝင်သစ်မျိုးစုံနှင့် ကုန်တင်ယာဉ်များ သိမ်းဆည်းရမိ

 

နေပြည်တော် ဧပြီ ၁၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၄ ရက်တွင် လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးလျှာထိုးနှင့် ကျွန်းခွဲသား ၈ ဒသမ ၆၉၄၂ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၂၇၈၀)နှင့်

အဆိုပါသစ်များ တင်ဆောင်လာသော ကုန်တင် ယာဉ်နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၁၅ ရက်တွင် လှည်းကူးမြို့နယ်အတွင်း တရားမဝင်ကညင်ခွဲသား၆ ဒသမ ၄၂၅၆တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၉၇၉၂)နှင့်အဆိုပါ သစ်များတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကို လည်းကောင်း၊ တိုက်ကြီးမြို့နယ် အတွင်း တရားမဝင်သစ်မျိုးစုံ ၃ ဒသမ ၃၂၄ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၉၈၅၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၁၈၂၄၂၂ သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

အလားတူ ဧပြီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင် များအတွင်း ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ၁၃ ဒသမ ၂၅၅၄တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၂၆၉၇၄) သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အမှုတွဲ ၁၃ မှု

သို့ဖြစ်ပါ၍ ဧပြီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သိမ်းဆည်း ရမိမှုစုစုပေါင်းမှာအမှုတွဲ၁၃ မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၇၂၀၉၃၉၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment