(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့)
လတ်တလော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြားတွင်
လျှပ်စစ်စီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် စီးပွားရေးပိတ်ဆို့အရေးယူခြင်းများသည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို
ထိခိုက်နစ်နာစေသည်ဟု အစိုးရက ပြောကြား
စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် ရှာဖွေဆောင်ရွက်နေစဉ်၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်သမားများကြောင့် ပျက်စီးသွား သော ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေပြီး ဟိုက်ဒရိုကာဗွန်နှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် အရှိန်မြှင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တို့က ယနေ့ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင်
စွမ်းအင်ပြတ်လပ်မှုနှင့်စပ်လျဉ်း၍ မကြာသေးမီက မီဒီယာများတွင် ဖော်ပြမှု များ၊ ပြည်ပစွမ်းအင်ကုမ္ပဏီများ
ထွက်ခွာမှုများနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ မကြာသေးမီများက
ထုတ်ပြန်ခဲ့သည့် မီဒီယာများ၏ ဖော်ပြချက်များအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား
စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့က ပူးတွဲကြေညာချက်
ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအား ဖြေရှင်းဆောင်ရွက်ခြင်း
ရုရှား-ယူကရိန်း
ပဋိပက္ခကြောင့် တစ်ကမ္ဘာ လုံး၌ သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းများ မြင့်တက် လာခြင်း၊ ငွေကြေးပြတ်တောက်မှုကြား၌
မြန်မာ ကျပ်ငွေအားနည်းခြင်းနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် ဆက်စပ်နေသည့်
အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတွင်းမကြာသေးမီက လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုများ
ဖြစ်ပွားရခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ကတည်းက ဓာတ်အားခပေးချေမှုများကို သပိတ်မှောက်ရန်
လှုံ့ဆော်ခြင်းအပြင် PDF အမည်ခံ အကြမ်းဖက် သမားများသည် ကယားပြည်နယ်ရှိ လောပိတရေအား
လျှပ်စစ်စက်ရုံမှ ဓာတ်အားလိုင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အဆိုပါလုပ်ရပ်များသည်
အထူးသဖြင့် ပြည်တွင်းရှိ သာမန်ပြည်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက်
အခက် အခဲဖြစ်စေခဲ့သည်။
သို့သော်လည်း အစောပိုင်းက
ပြည်တွင်းမငြိမ်သက်မှုများ ရှိနေသော်လည်း ၂၀၂၁ ခုနှစ်၊ နှစ်ဝက်မှ စတင်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
တော်တော်များများ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
လမ်းညွှန်မှုဖြင့် နိုင်ငံ၏စွမ်းအင်အခြေ အနေနှင့်စပ်လျဉ်း၍ အမျိုးမျိုးသောလုပ်ရပ်များကို
လျော့ပါးသက်သာစေရန် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည် -
(၁) ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများ တည်ငြိမ်မှုနှင့်အတူ
အစိုးရသည် ပြည်တွင်းဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန်
ကြိုးပမ်းနေပါသည်။
(၂) အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးသွားသည့်
လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံများကို အစိုးရက ပြုပြင်ပြီးနောက် လုံခြုံရေးအစီအမံများကို
တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်သည်။
(၃) လက်ရှိစက်ရုံများကို ပြောင်းလဲအသုံးပြု ခြင်းကဲ့သို့သော
ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ဖော်ကိုင် ဖက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များမှတစ်ဆင့်
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များမှ လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
သွားမည်ဖြစ်သည် -
- ရွှေဂက်စ်ပိုက်လိုင်းအသစ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ
၁၂ ရက်နေ့တွင် တည်ဆောက် ပြီးစီး ခဲ့ပြီး ပုံမှန်ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည်ဖြစ်သည်။
- လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ချက်ချင်း ထုတ်လုပ်ရန်အတွက်
ဓာတ်မြေသြဇာစက်ရုံ အချို့ (ဓာတ်ငွေ့သုံး၍) အသွင်ပြောင်းခြင်းနှင့် အခြားဓာတ်ငွေ့သုံး
ဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများတွင် အရှိန်ဟုန်မြှင့်
လုပ်ဆောင် ခြင်း၊ လက်ရှိတွင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင်
လျှပ်စစ်ဓာတ်အား စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ ခန့် ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်းပြုပြင်ထိန်း
သိမ်းပြီးပါက တစ်နေ့လျှင် ကုဗပေ သန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်
ဖြစ်သည်။
(၄) တရုတ်နိုင်ငံနှင့် အဓိက စွမ်းအင်စီမံကိန်းများ
အကြီးဆုံးအိမ်နီးချင်းနိုင်ငံနှင့်
မိတ်ဖက်စီးပွား ရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စွမ်းအင်ဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှုများတွင် ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။
- China National Petroleum Corporation (CNPC) ၏ တရုတ်-မြန်မာ
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအပိုင်းကို ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းတွင် ပြီးစီးပြီး
ရေနံပိုက်လိုင်း အပိုင်းကို ၂၀၁၇ ခုနှစ် ဧပြီလတွင် အပြီး သတ်တည်ဆောက်ခဲ့သည်။ အဆိုပါ
စီမံကိန်း သည် မြန်မာနိုင်ငံတွင် CNPC၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံအတွင်း
တရုတ်နိုင်ငံ၏ “ပိုးလမ်းမ စီမံကိန်း - Belt and Road Initiative” ၏ အဓိက အချက်အချာ
ဖြစ်သည်။
တရုတ်ကုမ္ပဏီ သုံးခုဖြစ်သည့်
Union Resources and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy
Investment (၃၉ ရာခိုင်နှုန်း) နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း) တို့သည်
Myanmar’s Supreme Group (၁၉ ရာခိုင်နှုန်း)နှင့် ပူးပေါင်းပြီး ၁၃၉၀ မဂ္ဂါဝပ် LNG
ထုတ်ပေးသည့် မီးလင်းချိုင် စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ
အဆိုပါ စက်ရုံတွင် LNG ဓာတ်အားပေးစက်ရုံ၊ LNG သိုလှောင်ကန်၊ ဗို့အားမြင့် သွယ်တန်းခြင်းနှင့်
ရန်ကုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်သည်။ အဆိုပါ စီမံကိန်းအား
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်လုပ်ငန်း
စတင်လည်ပတ်နိုင် မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် မြန်မာအစိုးရသည်
၎င်း၏ တိုးတက် မှုကို အရှိန်မြှင့်တင်ရန်အလို့ငှာ ခန့်မှန်းခြေ ရင်းနှီး မြှုပ်နှံမှုတန်ဖိုး
အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိသည့် အဆိုပါ ဦးစားပေးစွမ်းအင်စီမံကိန်း ကိုလည်း တရုတ်-မြန်မာ
စီးပွားရေးစင်္ကြံ၏ အစော ပိုင်း စီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် အဆိုပြု ထားမည်ဖြစ်သည်။
(၅) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုများ
တိုးမြင့်လာခြင်း
- ဆိုလာစွမ်းအင် - မဂ္ဂါဝပ် ၄၀ ရှိမည့် လက်ပံလှ နှင့်
မဂ္ဂါဝပ် ၃၀ ရှိမည့် ညောင်ပင်ကြီး ဆိုလာ စီမံကိန်းများသည် ထက်ဝက်ကျော် ပြီးစီး နေပြီဖြစ်သည်။
နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် ရည်မှန်းချက် အောင်မြင်ရေး အတွက် မဂ္ဂါဝပ်
၃၇၀ ထုတ်လုပ်မည့် နေရောင် ခြည်သုံးစွမ်းအင်စီမံကိန်း ၁၃ ခုကို စတင် ဆောင်ရွက်နေပြီဖြစ်သည်။
၃၉၀ မဂ္ဂါဝပ် ထုတ်လုပ်မည့်
နေရောင်ခြည်စွမ်း အင်သုံး နောက်ထပ် စီမံကိန်း ၃ ခုကို လည်း ရေးဆွဲ ထားသည်။ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး
စီမံကိန်းများ၊ ခေါင်မိုးပေါ်ရှိ ဆိုလာစီမံကိန်းများနှင့် အသေးစားနှင့်အလတ်စားစီမံကိန်းများကို
တတ်နိုင် သရွေ့ မြှင့်တင်ရန် အထူးကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
၆၃၅ မဂ္ဂါဝပ်ထုတ်လုပ်မည့်
နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၈ ရုံကိုလည်း တင်ဒါခေါ်ယူထားသည်။
ဖိတ်ခေါ်ထားသည့် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်မည့် ဆိုလာစီမံကိန်း ၁၁ ခုအတွက် လည်း ဆက်လက်ညှိနှိုင်းမှုများအပြင်
သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
ရေအားလျှပ်စစ်-
ရေအားလျှပ်စစ်ဆည်ပေါင်း ၆၀ ကျော်နှင့်အတူ ရေအားလျှပ်စစ်သည် နိုင်ငံ တစ်ဝန်း လျှပ်စစ်စွမ်းအင်၏
အဓိကအရင်းအမြစ် ဖြစ်သည်။ အစိုးရအနေဖြင့် မကြာမီတွင် တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းမှ
လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့် ဝယ်ယူရန် ညှိနှိုင်းနေသည်။ အစိုးရ အနေဖြင့် အတည်ပြုချက်မပေးမီ
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ် ခြင်းကို ဦးစွာအလေးထား ပြုလုပ်သွားမည်ဖြစ်သည်။
စီမံကိန်းဒီဇိုင်းများသည် အနာဂတ် စိုးရိမ် ပူပန်မှုများကို ဖြေလျှော့ရန်အတွက် သက်ဆိုင်ရာ
နယ်ပယ်များနှင့်ချိတ်ဆက်၍ ယင်းကဲ့သို့သော အကျိုးသက်ရောက် မှုများ၊ အစီအစဉ်များနှင့်
အကျိုးကျေးဇူးများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ တစ်ဝန်း လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်နေပြီး ရေအားနှင့်
ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၉ ရာခိုင်နှုန်း
ထုတ်လုပ်ရန် စီစဉ်ထားသည်။
နိုင်ငံခြားရေနံနှင့်သဘာဝဓာတ်ငွေ့
ကုမ္ပဏီများ၏ ထွက်ခွာမှုကို အစီရင်ခံတင်ပြခြင်း
ပြင်သစ်နိုင်ငံမှ
Total Energies ကုမ္ပဏီ၏ ရတနာလုပ်ကွက်နှင့် ဆက်စပ်ဓာတ်ငွေ့ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းတို့မှ
နုတ်ထွက်ခြင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်မည်ဟု ပြည်ထောင်စု ဝန်ကြီးများက
ပြောကြားခဲ့သည်။ ယခင်အစုရှယ်ယာ၏ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၏ PTTEP
International Limited (PTTEPI) ကို ဆက်ခံသည့် အော်ပရေတာအဖြစ် လွှဲပြောင်းထားသည်။
Total Energies ကုမ္ပဏီ၏ နုတ်ထွက်မှု စတင်သက်ဝင်သည့်နေ့ နောက်ပိုင်းတွင် PTTEPI ကုမ္ပဏီသည်
အစုရှယ်ယာ ၃၇.၀၈၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး Chevron ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သော
Unocal Myanmar Offshore Company Limited သည် စီမံကိန်း၏ အစုရှယ်ယာ အများဆုံးဖြစ်သည့်
၄၁ ဒသမ ၁၀၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင်
ပထမဆုံး တင်ပို့မှုမှစတင်၍ ဤစီမံကိန်းမှ ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့် သို့မဟုတ်
လက်ရှိတွင် တစ်နေ့လျှင် စံကုဗပေ ၇၆၈ သန်းခန့်အား ကျန်ရှိသည့်သတ်မှတ်ထားသော ပြည်တွင်း
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ထိုင်းနိုင်ငံသို့ ရောင်းချသည်။
“ဤသည်မှာ ပိုင်ဆိုင်မှုပြောင်းလဲမှုကြောင့်
လုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိပါ။ ရတနာ လုပ်ကွက်သည် မြန်မာနိုင်ငံတွင် လူသိများသော
ကမ်းလွန်ပင်လယ်ပြင်တွင် အကြီးဆုံးဟိုက်ဒရို ကာဗွန်သိုက်များ ရှိသည်။ သို့သော်လည်း နှစ်ပေါင်း
၂၀ ကျော်ကြာပြီးနောက် ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှစ၍ ယင်းလုပ်ကွက်မှ ထုတ်လုပ်မှုသည် ကျဆင်းသွားခဲ့သည်။
ယနေ့အထိ ယင်းလုပ်ကွက်မှ ထုတ်လုပ် မှုသည် ၈၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိခဲ့သည်”ဟု
ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။ Total Energies ကုမ္ပဏီသည် မြန်မာနိုင်ငံမှ
ထွက်ခွာမှုအတွက် လျော်ကြေးငွေတောင်းခံခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စု
Chevron ကော်ပို ရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Unocal Myanmar Offshore Co.,
Ltd. က မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ နုတ်ထွက်မည်ဟု ပြောကြားခဲ့ သော်လည်း
ယနေ့အထိ အစိုးရအနေဖြင့် ကုမ္ပဏီထံမှ တရားဝင်အကြောင်းကြားစာ မရရှိသေးကြောင်း ပြည်ထောင်စု
ဝန်ကြီးများက ပြောကြားသည်။
တတိယမြောက် နိုင်ငံခြားစွမ်းအင်ကုမ္ပဏီ
ဖြစ်သည့် သြစတြေးလျနိုင်ငံမှ Woodside Petroleum Ltd သည် ရခိုင်ပြည်နယ်ရှိ A6 သဘာဝ
ဓာတ်ငွေ့စီမံကိန်းမှ မကြာသေးမီက နုတ်ထွက်ခဲ့ သည်။ ၎င်း၏ ရှယ်ယာများကို ၎င်း၏ စီမံကိန်း
လုပ်ဖော်ကိုင်ဖက် MPRL E&P Group of Companies မှ လွှဲပြောင်းရယူခဲ့သော်လည်း လုပ်ငန်းပိုင်းဆောင်ရွက်မှုများ
ထိခိုက်မှုမရှိပေ။
မြန်မာနိုင်ငံ၏
စွမ်းအင်ကဏ္ဍသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်
၁၈၅၃ ခုနှစ်တွင်
စတင်၍ တင်ပို့ခဲ့သည့် ကမ္ဘာ့ဝါရင့်ရေနံထုတ်လုပ်သည့်နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သော်လည်း
ပိတ်ဆို့အရေးယူမှုများ၊ နားလည်ရန်ခက်ခဲသော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု မလုံလောက်မှုများကြောင့်
မြန်မာနိုင်ငံသည် ကနဦးအစပျိုးသည့်အဆင့်၌ပင် ရှိနေဆဲဖြစ်သည်။
“သက်သေပြထားသောစွမ်းအင်အရန်
ပမာဏသည် အတော်အသင့်သာရှိသေးသော်လည်း အလွတ်သဘော ခန့်မှန်းချက်များသည် အလွန် အလားအလာကောင်းပါတယ်။
ထိုင်းနှင့် တရုတ် နိုင်ငံရှိ ကြီးမားသော ဝယ်လိုအားစင်တာများနှင့် နီးစပ်ပြီး အလားအလာကောင်းသော
အဆိုပါ လုပ်ကွက်များသည် စီးပွားရေးသမား အများအပြား၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်လျက်ရှိပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဟိုက်ဒရို
ကာဗွန်လုပ်ကွက်များအတွက် နိုင်ငံတကာ လေလံပွဲတွေကို အောင်အောင်မြင်မြင်နဲ့ ကျင်းပခဲ့ပါ
တယ်” ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို တုံ့ပြန်ခြင်း
မကြာသေးမီလများအတွင်း
အနောက်နိုင်ငံ အများအပြား၏ ပြင်ပဖိအားများနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအကြား စိုးရိမ်ပူပန်မှုများ တိုးလာနိုင်ကြောင်း
ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
“စီးပွားရေး ပိတ်ဆို့မှုတွေက
အစိုးရထက် ပုဂ္ဂလိကကဏ္ဍတွေကို ပိုပြီး အပျက်သဘော အကျိုး သက်ရောက်နိုင်တယ်။ ပြည်တွင်း
ပြည်ပလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေ၊ ပြည်တွင်း အလုပ် သမားတွေ၊ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့
စားသုံးသူ အများစုမှာ ဒုက္ခရောက်ကြရပါတယ်။”
“ခွင့်ပြုထားပြီးဖြစ်တဲ့
စီမံကိန်းကြီးတချို့က စတင်ဆောက်လုပ်နေပါပြီ။ စီးပွားရေးပိတ်ဆို့မှု တွေကြောင့် အချို့သော
စီမံကိန်းအရှိန်မြှင့်ဆောင် ရွက်သူများသည် နိုင်ငံခြားငွေ လွှဲပြောင်းရာ၌ အတားအဆီးတွေနဲ့
ရင်ဆိုင်နေကြရပါတယ်။ အဲဒါ က စီမံကိန်းတွေရဲ့ တိုးတက်မှုကို ထိခိုက်ခဲ့ပါတယ်။”
“ပိတ်ဆို့အရေးယူမှုတွေကြောင့်
အဆိုပါစီမံ ကိန်းတွေကို ရပ်လိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေက ဖြစ်ပေါ်လာတဲ့
စီမံကိန်းကုန်ကျစရိတ် တွေထက် သူတို့ခံစားခဲ့ရတဲ့ အခွန်ကင်းလွတ်ခွင့် တွေကို ပြန်ဆပ်ရမှာဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဆိုင်းငံ့ထား တဲ့ အခြေအနေမှာပဲ
ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆင်မပြေတဲ့ ရင်းနှီး မြှုပ်နှံမှု
ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ ပြင်ပဖိအားတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ပါတယ်။”
“မြန်မာနိုင်ငံအနေနဲ့
လုံခြုံ၍ လက်လှမ်းမီနိုင်ပြီး အဆင်ပြေသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ပံ့ပိုးပေးဖို့
ကတိပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နုတ်ထွက်သွားတာကို မမြင်
တွေ့လိုပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို
ပေါ်ပေါ် ထင်ထင် တားမြစ်ထားသော်လည်း မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို
ဆက်လက် ဆွဲဆောင်လျက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်အများအပြားသည်
ကျွန်ုပ်တို့နှင့် တိတ်တဆိတ် လက်တွဲလုပ်ကိုင်ရန် ရွေးချယ်ကြပြီး မြန်မာ့စီးပွားရေးအလားအလာနှင့်
၎င်းတို့ရဲ့ ထူးခြားသော စိန်ခေါ်မှုတွေကို အပြည့်အဝ အသိ အမှတ်ပြုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးများက
ပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍသည်
ရင်းနှီးမြှုပ်နှံမှုအားလုံးတွင် ဦးစားပေးအဖြစ်တည်ရှိ
ပြည်ထောင်စုဝန်ကြီးများသည်
ပြီးခဲ့သော ဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုများဆိုင်ရာ
နောက်ဆုံးရအချက်အလက်များ ကိုပေးခဲ့သည်။ ဘဏ္ဍာရေးနှစ် ၂၀၂၀ - ၂၀၂၁ (ဘတ် ဂျက်ကာလ ၁၂ လကုန်ဆုံးသည့်
အောက်တိုဘာလ) နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် (ဘတ်ဂျက်ကာလ ၆ လ ကုန်ဆုံးသည့် မတ်လ)တွင်
ကဏ္ဍ ၁၂ ခု၌ စုစုပေါင်းစီမံကိန်း ၈၂ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
၄ ဒသမ ၃၂ ဘီလီယံရှိကြောင်း အတည်ပြုခဲ့သည်။ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ
၃ ဒသမ ၇၉ ဘီလီယံနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၇၇၅ သန်း)။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
ကဏ္ဍ ၁၂ ခု အနက်မှ စီမံကိန်းအများစုသည် ကုန်ထုတ် လုပ်မှုဖြစ်သည်။ သို့သော်လည်း ဤကာလအတွင်း
စွမ်းအင်ကဏ္ဍသည် စီမံကိန်း ခြောက်ခုအတွက် ယခု ဘတ်ဂျက်ကာလအတွင်း၌ စုစုပေါင်းခွင့်ပြုထားသော
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလီယံကို လက်ခံရရှိခဲ့ပြီး စွမ်းအင်ကဏ္ဍ၏
ဆွဲဆောင်မှုကို မီးမောင်းထိုးပြသခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအများစုမှာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနှင့်
တောင်ကိုရီးယားတို့ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ၁၅ ခုမှာ တရုတ် နိုင်ငံမှ
ဖြစ်ပြီး စီမံကိန်း ၁၄ ခုမှာ စင်ကာပူမှ ဖြစ် သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံမှ
စီမံကိန်း ၁၈ ခုနှင့် ဟောင်ကောင်မှ စီမံကိန်း ခြောက်ခု ရှိသည်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်
၂ နှစ်အတွင်း ကဏ္ဍ ၁၂ ခုတွင် ပြည်တွင်းစီမံကိန်း ၉၃ ခု (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
၆၁ ခုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင် ၃၂ ခု) တန်ဖိုးငွေကျပ် ၂၂၄၈ ဒသမ ၇ ဘီလီယံ
(၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၁၇၁ ဒသမ ၈ ဘီလီယံ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင်
ငွေကျပ် ၁ဝ၇၆ ဒသမ ၉ ဘီလီယံ) အသီးသီးရှိ ကြောင်း အတည်ပြုခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ
၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလကို ကာလတို ဘတ်ဂျက်ကာလအဖြစ် သတ်မှတ်ထားသည်။ ဘဏ္ဍာရေးနှစ်သည်
ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြောင်းလဲခဲ့သည်။
စုစုပေါင်း စီမံကိန်း ၅၀ သည် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုကဏ္ဍတွင် ဦးဆောင်နေသည့် ကုန်ထုတ် လုပ်မှုကဏ္ဍမှဖြစ်ပြီး ထို့နောက်တွင် ဝန်ဆောင်မှု ကဏ္ဍမှ အတည်ပြုထားသော စီမံကိန်း ၁၄ ခုနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ စီမံကိန်း ၁၁ ခုဖြင့် တတိယရရှိခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ချက်
သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်ပေးပါရန်
mediacontact@e-information.gov.mm
or myintkyawmoi@gmail.com
No comments:
Post a Comment