နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်း၊ သင်္ကြန်ကာလအတွင်း အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်၊
ဧပြီလ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့်
စက်မှု(၁)လမ်းထောင့်၊ မြန်မာပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar ဝင်/ထွက်ပေါက်အနီးတွင်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊
ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ် လူ ၃ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ်
၎င်းတို့မှ အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြန်လည်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း၊
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ခန့်ကြည်သာ(၂၅)နှစ်၊
ဟိန်းထက်နိုင် (၁၇)နှစ်နှင့် တင့်ထူးနိုင်(ခ) ဂူးဂူး(၁၈)နှစ်တို့ ၃ ဦးအား Sig
Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံးတို့နှင့်အတူ
ဒဏ်ရာ များဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသော တရားခံ တင့်ထူးနိုင်(ခ)ဂူးဂူးအား
နီးစပ်ရာဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့ကြောင်းသိရှိရသည်။
ဖမ်းဆီးရမိ တရားခံ
ဟိန်းထက်နိုင်၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊
သီတာလမ်းသွယ်(၅)ရှိ ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများ သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့်
သွားရောက်ရှာဖွေခဲ့ရာ Remote လက်လုပ်မိုင်း ၃ လုံးအား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ
၂ ဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး
၃ လုံး၊ Remote လက်လုပ်မိုင်း ၃ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏
ထွက်ဆိုချက်အရ ဟိန်းထက်နိုင်သည် အစ်မဖြစ်သူ ဖမ်းဆီးရန်ကျန် တရားခံ ဟန်နီဝင်း နှင့်အတူ
KNLA တပ်မဟာ(၇)၊ ရင်း(၁၀၁)၌ ဧပြီလတွင် ၁ ကြိမ်၊ ဇွန်လတွင် ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ်
အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိတရားခံများ၏
ထွက်ဆိုချက်အရ CRPH၊ NUG အကြမ်းဖက် အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား
ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော်အကြိုကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်
ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ၃ နေရာတွင်
အကြမ်းဖက်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့ကြောင်း -
- ၂၀၂၂
ခုနှစ်၊ မတ်လ ၂၃ ရက်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၌ YBS ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း။
-
မတ်လ
၂၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃)မှ ATM စက် ၁ လုံးအား
မီးရှို့ဖျက်ဆီးခဲ့ကြောင်း။
- ဧပြီလ
၁၁ ရက်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁) လမ်းထောင့်၊
မြန်မာပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခဲ့ကြောင်း
ဖော်ထုတ်သိရှိရသည်။
No comments:
Post a Comment