Wednesday, April 13, 2022

၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စစ်တွေမြို့၌ ကျင်းပ

 


စစ်တွေ ဧပြီ ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ ယနေ့နံနက်ပိုင်းကစစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။       

ရှေးဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာ စည်တော်ယွမ်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ရိုးရာနံ့သာသွေးပွဲ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် နံ့သာသွေးအဖွဲ့များက တစ်ဖွဲ့ချင်းစီမိတ်ဆက်ကြပြီး နံ့သာသွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ နံ့သာသွေးပွဲကျင်းပနေစဉ် ဌာနဆိုင်ရာ ယိမ်း အကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့ များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဘုရားရေသပ္ပါယ်ပွဲကို စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်လုံးချမ်းသာ ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တော် မျက်နှာကျက်ပြုလုပ်ရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀) အားပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က လှူဒါန်းကြရာ ဘုရားကြီး ဂေါပကအဖွဲ့ကလက်ခံရယူကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် နံ့သာသွေးပွဲမှ ရရှိလာသောနံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် အတုလ မာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှိ ဗုဒ္ဓဆင်းထုတော်များအား ဘုရားရေသပ္ပါယ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment