နေပြည်တော် ဧပြီ ၂၁
အင်းတော်မြို့နယ်၌ ငွေကျပ် သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
ကြာအင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့
ချမ်းသာမောင်းနှင်လာသော ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၅၉၀၀
ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈၃၀၀၊ ဘိန်းဖြူ ၁၂ ဒသမ ၄၇၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့
သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို
ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment