နေပြည်တော် ဧပြီ ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၏ မိသားစုသင်္ကြန်အကြို ပွဲတော်သို့ ပါဝင်ဆင်နွှဲသည်။
အဆိုပါ သင်္ကြန်ပွဲတော်သို့
ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက
ကိုဗစ်-၁၉ ကပ်ရောဂါစည်းမျဉ်းစည်းကမ်းနှင့်အညီ ပါဝင်တက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ
ဝန်ထမ်းများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
အဆိုပါ သင်္ကြန်အကြိုပွဲတော်တွင်
ပြည်ထောင်စုဝန်ကြီးက မြန်မာပြက္ခဒိန်နှစ်အရ နှစ်ဆန်း တစ်ရက် နေ့ဖြစ်သော ဧပြီ (၁၇) ရက်တွင်
နှစ်သစ်သို့ ကူးပြောင်းရောက်ရှိမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားအောင်
ကြိုးစားကြပြီး စည်းလုံးညီညွတ်စွာဖြင့် ဌာနဖွံ့ဖြိုး တိုးတက်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်
သွားကြစေလိုကြောင်း၊ နိုင်ငံတော်က ဝန်ထမ်းဆိုင်ရာ အခွင့်အရေးများ တိုးမြှင့်ပေးသကဲ့သို့
ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
ဝန်ထမ်းများအားလုံး နှစ်သစ်၌ အတွေးသစ် အမြင်သစ်များ ဖြင့် ဌာနတာဝန်၊ နိုင်ငံ့တာဝန်များကို
တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆထက်တန်းပိုး ထမ်းဆောင် နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာန
ဝန်ထမ်းများ၏ ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုချီးမြှင့်ကာ
မိသားစုသင်္ကြန် အကြိုပွဲတော်သို့ တက်ရောက်လာသော အရာထမ်း/ အမှုထမ်းများကို အတာရေပက်ဖျန်းပေးခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment