နေပြည်တော် ဧပြီ ၂၁
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စာရင်းကိုင်(၄) မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် စာရင်းကိုင်(၄) အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက
၂၀၂၂ ခုနှစ် မြန်မာနှစ်သစ် ဘဏ္ဍာနှစ်အစမှာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သည့်
သင်တန်းအမှတ်စဉ် (၁/၂၀၂၂) များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျရာလုပ်ငန်း
တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုသင်တန်းတွင် လုပ်ငန်းကျွမ်းကျင်ပြီး
အတွေ့အကြုံရင့်ကျက်သည့် သင်တန်းနည်းပြ ဆရာများ၏ ကျစ်လျစ်ထိရောက်သည့် သင်ကြားပို့ချမှုကို
မိမိတို့တာဝန်ယူ ဆောင်ရွက်သောဦးစီးဌာန လုပ်ငန်းခွင်တွင် ဘဏ္ဍာရေးအတွေ့အကြုံများနှင့်
ပေါင်းစပ်ပြီး မိမိတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ကိုယ်တိုင်မြှင့်တင်
ရမည်ဖြစ်ကြောင်း။
ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်
လုပ်ငန်းတာဝန်များကို အခြေခံစာရင်းပြုစု ဌာနများမှ တာဝန်ခံစာရင်းကိုင်များ သိရှိလိုက်နာ
ဆောင်ရွက်ရန်လိုအပ်သည့်ဌာနတွင်း လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများနှင့်
ဖြေရှင်းရမည့် နည်းလမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စာရင်းကိုင်ပညာ၊ စာရင်းစစ်ဆေးခြင်း၊
စာရင်းများထားခြင်း၊ အခွန်ဥပဒေဘာသာရပ်၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ ရုံးစာရေးသားနည်းများကို
ကျွမ်းကျင်သင်တန်း ဆရာများက သင်ကြားပို့ချပေးမည် ဖြစ်သည့်အတွက် တတ်မြောက်အောင် ကြိုးစားမှတ်သား
သင်ယူကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် လမ်းဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သင်တန်း
ကျောင်းအုပ်ကြီးနှင့် အင်ဂျင်နီယာချုပ်များက ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏ သင်တန်းအတွေ့အကြုံများ၊
သင်တန်းသားများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် လက်ရှိသင်တန်း ဖွင့်လှစ်ပို့ချရခြင်း၏
ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး
ဒုတိယဝန်ကြီး ဦးမင်းထိန်က ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ကျွမ်းကျင်မှုရှိစေရေး
ကြိုးစားကြရန် ဖြည့်စွက်မှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန
အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စာရင်းကိုင်(၄)
မွမ်းမံသင်တန်းသို့ သင်တန်းသား ၁၄ ဦး တက်ရောက်ပြီး သင်တန်းကာလကို ဧပြီ ၂၁ ရက်မှ မေ
၄ ရက်အထိ လည်းကောင်း၊ စာရင်းကိုင်(၄) အလုပ်ခွင်ဝင်သင်တန်းကို သင်တန်းသား ၉၂ ဦး တက်ရောက်ပြီး
သင်တန်းကာလကို ဧပြီ ၂၁ ရက်မှ မေ ၁၈ ရက်အထိ လည်းကောင်း ဖွင့်လှစ်ပို့ချ သင်ကြားပေးမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment