Wednesday, April 20, 2022

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 


နေပြည်တော် ဧပြီ ၁၉

ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့  လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ  ဇေယျာသီရိမြို့နယ်ရှိ အောင်မင်္ဂလာသိဒ္ဓိ ရွှေကျောင်း တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ မစိန်တောရကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ နန်းတော်ရာကျောင်းတိုက်သို့  လည်းကောင်း မကွေးတိုင်းဒေသကြီး ချောက် မြို့နယ်ရှိ  စလင်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိ  စာသင်တိုက်(၉-မိုင်) သို့ လည်းကောင်း၊  ရှမ်းပြည်နယ် သီပေါမြို့နယ်ရှိ နန်းဦးစေတီ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များ ကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment