Tuesday, April 12, 2022

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နမ့်စန်၊ တောင်ကြီး၊ ကလော၊ ရေပေါင်းစုံ ပင်မဓာတ်အားခွဲရုံကြီးများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၁၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့သည် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ နမ့်စန်ပင်မဓာတ်အားခွဲရုံ၊ တောင်ကြီးပင်မဓာတ်အားခွဲရုံ၊ ကလောပင်မဓာတ်အားခွဲရုံ၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေသဖြင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးခဲ့၍ လျော့နည်းထုတ်လုပ်နေရသဖြင့် ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ ၄င်းအပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးတို့ အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စစ်ဆေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအထူးဂရုပြုရေး စီမံဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ် ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓာတ်အားခွဲရုံများအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment