နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကျနေ့ဖြစ်သော ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူ ပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ယနေ့မနက်ပိုင်းတွင်
နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်၌
နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအက အဖွဲ့များက
သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ
တက်ရောက် ကြည့်ရှုအားပေးကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား
ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
အလားတူ ညနေပိုင်းတွင်လည်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်အဖွဲ့ဝင်များနှင့်အတူ
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်း အိမ်ထောင်သည် လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊
မကျည်းရိပ်ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ မဏ္ဍပ်များတွင် နိုင်ငံကျော်အနုပညာရှင်များနှင့်
တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့်
သီဆိုကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စစ်သည် မိသားစုများနှင့်အတူ သင်္ကြန်ရေကစားခဲ့ကြောင်းနှင့်
လာရောက်ရေကစားကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment